၁ဝ စုနှစ်တစ်စုအကြာတွင် မြန်မာ့ရွှေဈေး ၁၅ သိန်းကျော်အထိ မြင့်တက်

 1770

မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၁၅ဝ၁ဝဝဝ အထိ အမြင့်ဆုံးဈေးတက်သွားကြောင်း ရန် ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ မေလ ၇ ရက် အဖွင့်ဈေးအရ သိရသည်။

ယခုအချိန်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၈၂ဝ ဒေါ်လာအထိ မြင့်တက်သွားပြီး ပြည်တွင်းဒေါ်လာဈေးလည်း မြင့်တက်လာသည့်အတွက် မြန်မာ့ရွှေဈေးမြင့်တက်လာရခြင်းဖြစ် ကြောင်း သိရသည်။

“အရင်တုန်းက ဒီလိုဈေးတစ်ခါမှမရှိဖူးဘူး။ ပြောရရင် ၁ဝ စုနှစ်တစ်စုလောက်တောင် ရှိနေပြီ။ အခုက ကမ္ဘာ့ရွှေဈေးတအားတက်သွားတာရယ်။ ပြည်တွင်း ဒေါ်လာဈေးလည်း တက်သွားတယ်။ ကိုဗစ်ပေါ် လာပြီးတော့ အကုန်လုံးက လုပ်ငန်းပျက်ပြီး ရွှေထဲမှာ အကုန်လုံးလာစုကြတာ”ဟု ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိအချိန်တွင် ဈေးကွက်အတွင်း ပစ္စည်းများပြတ်နေပြီး အချို့သောဆိုင်များသည် တုံကင်ပေးကာ ရောင်းချနေရကြောင်း သိရသည်။

“အဝယ်ကလည်း အများကြီးရှိတယ်။ ရောင်းတာတွေက တစ်ချို့ဆိုင်တွေဆိုရင် တုံကင်ပဲ ပေးနိုင်တော့ တယ်။ အဝယ်ဆိုတာလည်း အထုပ်ကြီးအပိုင်းကြီးမဟုတ်ဘူး။ တစ်ပိုင်းစ ၊ နှစ်ပိုင်းစတွေက ရာနဲ့ချီပြီးတက်လာတယ်” ဟု ဥက္ကဌက ဆက်လက်ပြောသည်။

ဖူးပြည့် (NP News) - မေ ၇

#NPNews
#မြန်မာ့ရွှေဈေး
#YGEA

Related news

© 2021. All rights reserved.