မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်သွားစေရေးအတွက် ကူညီပေးရန် ကုလသံတမန်က ထိုင်းဝန်ကြီး ချုပ်ကို တောင်းဆို ဝတီ

 733

(NP News) - မေ ၁၅

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ထိုင်းဝန်ကြီးချုပ်နှင့် မေလ ၁၄ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း မေလ ၁၄ ရက် စီအန်အေသတင်းတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားစေရေးအတွက် အဆိုပါ ကုလအထူးသံတမန်က ဆက်လက်ကြိုးပမ်းဆောင်ရွက်နေပြီး မတည်ငြိမ်မှုများ လျော့ပါးသွား စေရေးအတွက် ထိုင်းအစိုးရက မြန်မာစစ်တပ်နှင့် ပူးတွဲလုပ်ကိုင်ကာ နည်းလမ်းရှာသွားမည်ဟု မျှော် လင့်ကြောင်း အထူးသံတမန် Christine Schraner Burgener က ပြောသည်ဟု ထိုင်းဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်အာဏာသိမ်းမှုကို နယ်ပယ်အသီးသီးက ဆန့်ကျင်ကန့်ကွက်နေကြသည့်အတွက် စစ်အ စိုးရက အင်အားသုံးဖြိုခွင်းရာ လူပေါင်းရာပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။

အကြမ်းဖက်အင်အားသုံးမှု မြင့်တက်လာခြင်း၊ စစ်အစိုးရက တည်ငြိမ်အေးချမ်းမှုရအောင် မလုပ် ဆောင်နိုင်သေးခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံ ဖြစ်လာမည်လောဟု အများက စိုးရိမ်ပူ ပန်လာကြသည်။ မြန်မာနိုင်ငံရေးမတည်ငြိမ်သည့်ဒဏ်ကို အိမ်နီးချင်းဖြစ်သည့်ထိုင်းနှင့် ဒေသတွင်း တစ်ခုလုံးပါ ခံစားနေရသည်။

ထိုင်းအစိုးရအဖွဲ့က နားထောင်ရန်နှင့် အကျိုးကျေးဇူး ရှိနိုင်သည့် သတင်းအချက်အလက်များ ဖလှယ် ရန်အသင့်ရှိနေပါကြောင်း ဝန်ကြီးချုပ် ပရာယုက အထူးသံတမန်ကို ပြောကြားခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် သင့်ခဲ့ရသူများအတွက် လူသားချင်းစာနာသည့်အကူအညီများ ပေးအပ်ရေး ဆွေးနွေးခဲ့ကြသေးကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသေးသည်။

ကုလအထူးသံတမန် ထိုင်းသို့ ရောက်ရှိနေသည်မှာ ဧပြီလကတည်းက ဖြစ်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.