အာရှမြို့ကြီးများက အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရ ဟုဆို

 619

ရောင်နီ ( NP News ) - မေ ၁၄

အာရှမြို့ကြီးများသည် လေထုညစ်ညမ်းမှုနှင့် သဘာဝဘေးအန္တရာယ်များ အပါအဝင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာများအတွက် အကြီးမားဆုံးသော အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း Verisk Maplecroft ကုမ္ပဏီ၏ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထိခိုက်လွယ်ဆုံး မြို့ ၁ဝဝ အနက် ၉၉ ခုသည် အာရှတိုက်မှဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ယင်းတို့အနက် ၃၇ မြို့သည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ၄၃ မြို့သည် အိန္ဒိယမှ ဖြစ်ကာ အဆိုပါ နိုင်ငံများသည် ကမ္ဘာ့ပထမနှင့် တတိယအကြီးမားဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်သည့်နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူဦးရေ ၁ ဒသမ ၅ ဘီလီယံသည် လေထုညစ်ညမ်းခြင်း၊ ရေပြတ် လပ်ခြင်း၊ အပူလွန်ကဲခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းများနှင့် ရင်ဆိုင်နေရပြီး အင်ဒိုနီးရှား မြို့တော်ဂျ ကာတာသည် Verisk Maplecroft မှလေ့လာခဲ့သည့် အချက်ကိုးချက်အပေါ် အခြေခံပြီး ပေါင်းစပ် ထားသည့် အန္တရာယ်ရှိ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လေထုအန္တရာယ်အကြီးဆုံးမြို့ ၂ဝ မှ ၁၃ ခုသည် လေထုနှင့် ရေထုညစ်ညမ်းမှုများသည့် အိန္ဒိယနိုင်ငံမှဖြစ်ပြီး တရုတ်နိုင်ငံရှိ ရေလွှမ်းမိုးမှု ဒဏ်ခံနေရသည့် ကွမ်ကျိုးနှင့်ဒေါင်ဂွမ်မြို့တို့သည် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် မြို့များစာရင်း၏ ထိပ်ဆုံးတွင်ရှိနေကြောင်း သိရ သည်။

ဂျပန်နိုင်ငံမှ အိုဆာကာနှင့် တိုကျိမြို့သည် ငလျင်နှင့် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ခံရနိုင်ဖွယ်ရှိနေပြီး စင် ကာပူသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့်ရာသီဥတုပြောင်းလဲမှု အန္တရာယ်များနှင့်ရင်ဆိုင်ရဖွယ် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

#NPNews

Related news

© 2021. All rights reserved.