တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသည့် ရေပြင်မှ ဖိလစ်ပိုင်သင်္ဘောများ ဆုတ်ခွာမည်မ ဟုတ်ဟု ဒူတာတေးပြော

 703

ဝတီ (NP News) - မေ ၁၅

ဖိလစ်ပိုင်သင်္ဘောများ တရုတ်နှင့် ပိုင်နက်အငြင်းပွားနေသည့် ရေပြင်မှ ဆုတ်ခွာ မည်မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်သည်ဟု မေလ ၁၄ ရက် အာတီသတင်းတွင် ဖော်ပြ ထားသည်။

တရုတ်၏ တောင်းဆိုချက်များကို နာခံသွားမည်မဟုတ်ဘဲ တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် သန္တာ ကျောက်တန်းများတွင် အချုပ်အခြာအာဏာ တည်လာစေရေးအတွက် ဆက်လက်ပြီးအင်တိုက်အား တိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ဒူတာတေးက ပြောသည်။

“အဲဒီမှာ ရှိနေတဲ့ ဖိလစ်ပိုင်သင်္ဘောတွေ တစ်လက်မတောင် နောက်မဆုတ်ဘူးလို့ ထပ်ပြောချင်ပါ တယ်။ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို သတ်လိုက်ရင်တောင် နောက်မဆုတ်ဘူး။ ကျွန် တော်တို့ရဲ့ချစ်ကြည်ရင်းနှီးမှုဟာလည်း ဒီမှာပဲ အဆုံးသတ်သွားပါလိမ့်မယ်” ဟု ယင်းကပြောသည်။

အဆိုပါ ရေပြင်ရှိ ဖိလစ်ပိုင်သင်္ဘောများကို ဆုတ်ခွာခိုင်းရန် တရုတ်က ဖိလစ်ပိုင်အစိုးရကို ဧပြီလတွင် တောင်းဆိုခဲ့ပြီး ထိုနေရာရှိအခြေအနေကို ပိုမိုရှုပ်ထွေးလာစေရန် နှင့် ပိုင်နက်အငြင်းပွားမှု အခြေအနေ ပိုဆိုးလာစေရန် မလုပ်ရန် တရုတ်အစိုးရက ဖိလစ်ပိုင်ကို ထည့်သွင်းတောင်းဆိုခဲ့သည်။

တရုတ်၏အနေအထားကို လေးစားကြောင်း၊ သို့သော် မိမိသည် ပြဿနာလည်းမဖြစ်ချင်၊ စစ်လည်း မဖြစ်ချင်ကြောင်း ဒူတာတေးက မေလ ၁၄ ရက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသေးသည်။

ဒူတာတေးသည် တရုတ်အစိုးရ နှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း တောင်တရုတ်ပင်လယ်အ ရေးတွင်မူ အလျှော့မပေးဘဲ တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် သန္တာကျောက်တန်းများကို ဖိလစ် ပိုင်သည်ဟု ယင်းက မလျှော့တမ်းဆိုကာ ထိုနေရာသို့ ရေတပ်သင်္ဘောများ စေလွှတ်မည်ဖြစ်ကြောင်း ဧပြီလတွင် ကြေညာခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.