မြန်မာနိုင်ငံတွင် အကြမ်းဖက်ဖြိုခွင်းမှုများအဆုံးသတ်နိုင်မည့် အခြေနေမျိုးမရှိဟု UN ဆို

 558

ဂျန်ဇက် (NP News) - မေ ၁၂

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုရက်ပေါင်း ၁ဝဝ ရှိပြီဖြစ်သော်လည်း ဆန္ဒပြသူများကို ရက်စက်စွာဖြို ခွင်းမှုဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာရုံး (OHCHR) က ပြောလာ ကြောင်း ANI သတင်းဖော်ပြချက်အရသိရသည်။

ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာရုံး OHCHR ၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colvilleက “ မြန်မာ စစ်အ စိုးရဟာ သိမ်းထားတဲ့ အာဏာပိုမိုအားကောင်းစေဖို့ အတိုက်ခံတွေနဲ့ ဆန္ဒပြအုပ်စုတွေကို ဖြိုခွင်းမှု ရပ် တန့်မယ့် အလားလာမရှိဘူး၊။ ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖြိုခွင်းမှု ရပ်တန့်စေဖို့ကြိုးပမ်းနေပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေနဲ့ဘေးနားက ရပ်ကြည့်နေသူတွေ ကို သတ်ဖြတ်တာမျိုးတွေရှိနေတယ်။ လုံခြုံရေးတပ်ဖွဲ့ဟာမြန်မာပြည်သူအပေါ် လူ့အခွင့်အရေးချိုး ဖောက်တာမျိုးတွေကျူးလွန်မှုဆက်ရှိနေဆဲဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လူအခွင့်ရေးချိုးဖောက်ခံရမှုအခြေအနေများကို တားဆီးနိုင်ရန် နိုင်ငံတကာက ပါဝင် ဆောင်ရွက်ပေးမှု ပိုမိုလုပ်ဆောင်ရန်၊ အာဆီယံသဘောတူညီချက်ငါးချက်ကို ချက်ချင်းအကောင်အ ထည်ဖော်ရန် RupertColville က ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၂ ရက်အထိ လူပေါင်း၇၈၂ဦး သေဆုံးခဲ့ရ ကြောင်း AAPP က ထုတ်ပြန်ထားသည်။

#NPNews

Related news

© 2021. All rights reserved.