အိန္ဒိယတွင် ကိုဗစ် - ၁၉ ပျောက်ကင်းနိုင်သည်ဆိုသည့် ယုံကြည်ချက်ဖြင့် နွာမစင်များ တစ်ကိုယ်လုံး လိမ်းကျံ

 557

ရောင်နီ ( NP News ) - မေ ၁၁

အိန္ဒိယနိုင်ငံတွင် ကိုဗစ် - ၁၉ ကို တိုက်ထုတ်နိုင်သည်ဆိုသည့် ယုံကြည်ချက်ဖြင့် နွားမစင်များ တစ် ကိုယ်လုံး လိမ်းကျံခြင်း အလေ့အထ မပြုလုပ်သင့်ကြောင်း၊ လူစုရုံးပြီး နွားမစင်လိမ်းကျံခြင်းကမှ ကိုရို နာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စေနိုင်ကြောင်း ဆရာဝန်များက သတိပေးပြောကြားခဲ့ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။

အိန္ဒိယအနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ်တွင် ယုံကြည်သူ အချို့က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ရေး တိုးမြှင့်နိုင်ရန် ( သို့မဟုတ် ) ကူးစက်ခံရပါက ပြန်လည်သက်သာလာစေရန် မျှော်လင့်ချက်ဖြင့် သီ တင်းတစ်ပတ်လျှင် တစ်ခါ နွားတင်းကုတ်ကိုသွားကာ ယင်းတို့၏ ခန္ဓာကိုယ်ကို နွားမစင်များ၊ ဆီးများ ဖြင့် လိမ်ကျံခဲ့ကြကြောင်း သိရသည်။

"ဆရာဝန်တွေတောင် ဒီကိုလာကြတာတွေ့တယ်၊ သူတို့က ဒီကုထုံးဟာ သူတို့ရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး လူနာကိုကြောက်ရွံ့ခြင်းမရှိ ထိတွေ့နိုင်တယ်လို့ ယုံကြည်ထားကြတယ်” ဟု ဆေးဝါး ကုမ္ပဏီမှ တွဲဖက်မန်နေဂျာဖြစ်သူ မစ္စတာဂေါတမ်မန်နီလာဘိုရီဆာက ပြောသည်။

ယင်းနွားမစင်လူးရန် ပါဝင်လာကြသူများသည် နောက်ချေးနှင့်ဆီးအရောအနှောကို စောင့်ဆိုင်းနေစဉ် နွားတင်းကုတ်ရှိ နွားများကို ပွေ့ဖက်ဂုဏ်ပြုကြပြီး ကိုယ်ခံစွမ်းအား မြှင့်တင်ရန် ယောဂကျင့်ကာ နို့ရည် ဖြင့် ရေချိုးကြကြောင်း သိရသည်။

ဟိန္ဒူဘာသာတွင် နွားသည် ဘဝနှင့် ကမ္ဘာမြေ၏ မြင့်မြတ်သည့် အမှတ်အသားဖြစ်ပြီး ရောဂါကုထုံး နှင့် ပိုးသတ်ဆေးဆိုင်ရာ ဂုဏ်သတ္တိများရှိသည်ဟု ဟိန္ဒူဘာသာဝင်များက ယုံကြည်ကာ ယင်းတို့၏ နေအိမ် များကို သန့်ရှင်းစေရန်နှင့် ဆုတောင်းခြင်း ထုံးတမ်းစဉ်လာများအတွက် ရာစုနှစ်များစွာကတည်းက နွားမစင်ကို အသုံးပြုခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနှင့် ကမ္ဘာတစ်လွှားရှိ ဆရာဝန်များ၊ သိပ္ပံပညာရှင်များက ကိုဗစ် - ၁၉ အတွက်အစားထိုးကုသမှု မပြုလုပ်ရန် ထပ်ခါတလဲလဲ သတိပေးခဲ့ကြပြီး ယင်းတို့သည် လုံခြုံစိတ်ချမှု နှင့် ကျန်းမာရေး ပြဿနာ များကို ရှုပ်ထွေးစေနိုင်ကြောင်း၊ တိရိစ္ဆာန်ရောဂါများ လူကိုကူးစက်နိုင်ကြောင်း၊ ယင်းအပြင် နွားမစင် သုတ်လိမ်းရန် လူစုရုံးနေမှုကြောင့် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို အထောက်အကူပြုနိုင်ကြောင်း ပြောဆို ထားသည်။

#NPNews

Related news

© 2021. All rights reserved.