အမေရိကန်၏ အကျော်ကြားဆုံး အစီအစဉ်တင်ဆက်သူ Ellen DeGeneres က လာမည့်နှစ်တွင် သူမ ၏ အစီစဉ်ကို ရပ်နားမည်

 573

ရောင်နီ ( NP News ) - မေ ၁၃

အမေရိကန်၏ အကျော်အမော် အစီအစဉ် တင်ဆက်သူ Ellen DeGeneres သည် နောက်နှစ်မှစ၍ သူမ၏ Daytime Talk Show အစီအစဉ်ကိုရပ်နားသွားတော့မည်ဖြစ်ကြောင်း ပရိုဂရမ်၏ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု StaritsTimes သတင်းတွင်ဖော်ပြထားသည်။

Ellen DeGeneres ၏အစီအစဉ်သည် ဆယ်စုနှစ် နှစ်ခုနီးပါးထိ အောင်မြင်မှုများစွာရရှိခဲ့ပြီး ၂ဝ၂ဝ - ၂ဝ၂၁ ရုပ်မြင်သံကြားရာသီတွင် ကြည့်ရှုသူ ၁ သန်းကျော်ထိ သိသိသာသာပြုတ်ကျသွားခဲ့ ကြောင်းသိ ရသည်။ အဆိုပါနှုန်းသည် သူမ၏ ပြိုင်ဘက်များထက်ကို သိသိသာသာ ကျဆင်းလာခြင်းဖြစ်ပြီး ရှိုးပွဲတစ်ခုတွင် ပရိသတ် လက်မခံနိုင်သည့် အပြုအမူတစ်ခု ပြုလုပ်မိခဲ့ပြီးနောက် ယင်းကဲ့သို့ Rating များကျဆင်းလာရခြင်းဖြစ်ကြောင်း သိရသည်။

Ellen သည်သူ့၏ ၁၉ ကြိမ်မြောက်ရှိုးပွဲ နေ့ခင်းပိုင်း ပရိုဂရမ်တွင် ထိပ်ဆုံးက ပါဝင်ခဲ့သော်လည်း သူမ၏ ကြည်ရှုမှုနှုန်းသည် ပြိုင်ဘက် Maury Povich နှင့် Kelly Clarkson ထက် လုံးဝကျဆင်းလာခဲ့ကြောင်း သိသည်။ ၂ဝ၂၂ ခုနှစ်ထိ Warner Bros နှင့် စာချုပ်ချုပ်ထားသည့် Ellen သည် မကြာသေးမီ နှစ်များက အစီအစဉ်မှ ထွက်ခွာသွားတော့မည့်အကြောင်း လူသိရှင်ကြား ပြောကြားခဲ့ဖူးကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.