ပဋိပက္ခကို လျှော့ချရန် အမေရိကန်သမ္မတက တိုက်တွန်းသော်လည်း အစ္စရေးခေါင်းဆောင်နှင့် ဂါဇာ စစ်သွေးကြွများက ဆက်လက်တိုက်ခိုက်မည်ဟုဆို

 503

ဝတီ (NP News) - မေ ၂ဝ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းကို လိုလားသည်ဟု အမေရိကန် သမ္မတရုံး အိမ်ဖြူတော်က အစ္စရေး-ပါလက်စတိုင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ဝ ရက်မြောက် နေ့၊ သေဆုံးသူ ၂၃ဝ ကျော်လာချိန်တွင် ပြောကြားလိုက်ကြောင်း ဘီဘီစီ သတင်းက ဆိုသည်။

အစ္စရေးပြည်သူများ တည်ငြိမ်အေးချမ်းလုံခြုံမှု ပြန်ရသည်အထိ စစ်ဆင်ရေး ဆက်လုပ်သွားရန် စိတ်ပိုင်း ဖြတ်ထားကြောင်း မစ္စတာဘိုင်ဒန်၏ ပြောကြားချက်ကို မစ္စတာ နက်တင်ယာဟူက တုံ့ပြန်ပြောကြား လိုက်သည်ဟု အစ္စရေးမီဒီယာများတွင် ဖော်ပြထားသည်။

အမေရိကန်သည် အစ္စရေး၏ အဓိက မဟာမိတ်နိုင်ငံကြီးဖြစ်ပြီး အထက်ပါပဋိပက္ခနှင့် ပတ်သက်ကာ ကုလလုံခြုံရေးကောင်စီက ပူးတွဲကြေညာချက်ထုတ်မည့်ကိစ္စရပ်ကို အမေရိကန်က လက်ရှိ အချိန်အထိ ကန့်ကွက်ထားကြောင်း သိရသည်။

တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး တိုက်တွန်းနေသူများသည် အစ္စရေးက ဂျေရုစလင်တွင် ရန်စ နေမှုများ ဆက်မလုပ်ရန်နှင့် ဂါဇာတွင် ဗုံးမကြဲတော့ရန် ဖိအားပေးသင့်ကြောင်း၊ အစ္စရေးဘက်က ယင်း သို့ဆက်မလုပ်တော့မှသာ တည်ငြိမ်အေးချမ်းမှုပြန်ရရေးအတွက် ဆွေးနွေးနိုင်လိမ့်မည်ဟု ဟာမာ့စ်စစ် သွေးကြွ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မေလ ၁၉ ရက်တွင်လည်း လစ်ဘနွန်ဘက်ကပါ အစ္စရေးဘက်ကို ဒုံးကျည်လေးစင်းပစ်လွှတ် တိုက်ခိုက် လာသဖြင့် အစ္စရေးစစ်တပ်က လစ်ဘနွန်ဘက်ကို အမြောက်များဖြင့် ပစ်ကာ လက်တုံ့ပြန်လိုက် ကြောင်း သိရသည်။

အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းစစ်သွေးကြွတို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြသည်မှာ ၁ဝ ရက်မြောက်ရှိလာချိန်တွင် ဂါဇာတွင် လူပေါင်း ၂၂၇ ဦးထက်မနည်း သေဆုံးသွားပြီး အဆိုပါ သေဆုံး သူများအနက် ၁၅ဝ ဦးသည် စစ်သွေးကြွများဖြစ်သည်ဟု အစ္စရေးဘက်က ဆိုသည်။ ထို့ပြင် အစ္စရေး ဘက်တွင်လည်း သေဆုံးသူ ၁၂ ဦး ရှိပြီး ဂါဇာရှိ စစ်သွေးကြွများ အစ္စရေးပိုင်နက်ဘက် ပစ်လွှတ်သည့် ဒုံးကျည်ပေါင်း ၄ဝဝဝ ခန့်အထိ ရှိလာပြီဟု အစ္စရေးဘက်က ပြောဆိုထားသည်။

#NPNews

Related news

© 2021. All rights reserved.