CDM လှုပ်ရှားမှုကို အားပေးထောက်ခံသည့် မြန်မာသံမတန်အယောက် ၁ဝဝ အား မိခင်နိုင်ငံကို ပြန် လာရန် စစ်ကောင်စီ အမိန့်ပေး

 786

ဂျန်ဇက် (NP News) - မေ ၂ဝ

စစ်ကောင်စီက CDM လှုပ်ရှားမှုကို အားပေးထောက်ခံသည့် ပြည်ပနိုင်ငံများရှိ မြန်မာသံတမန်အ ယောက် ၁ဝဝ ကို မိခင်နိုင်ငံကို ပြန်လာရန် အမိန့်ပေးထားကြောင်း မေလ ၂ဝ ရက် Japan Times သတင်းတွင်ဖော်ပြထားသည်။

သံတမန် ၁ဝဝ တွင် အချို့သည် စစ်ကောင်စီအမိန့်ကို လိုက်နာမည်မဟုတ်ဘဲ လက်ရှိနေထိုင်သည့် နိုင်ငံတွင် ဆက်လက်နေထိုင်ပြီး မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများ အားပေးထောက်ခံသွားဖွယ်ရှိ နေကြောင်း သတင်းတွင်ဖော်ပြထားသည်။

မိခင်နိုင်ငံကို ပြန်လာရန် အမိန့်ထုတ်ခံရသည့်သံတမန်များသည် ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ စင်ကာပူ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂ဝ ရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း သိရ သည်။

အာဏာသိမ်းမှုကို ဆန့်ကျင့်ပြီး လုပ်ငန်းတာဝန်များလုပ်ကိုင်ရန် ပျက်ကွက်ခဲ့သည့် ဂျပန်နိုင်ငံရှိ မြန်မာ သံရုံးမှ သံတမန်နှစ်ဦးကိုလည်း စစ်ကောင်စီက မေလ ၁၉ ရက်တွင် အလုပ်ထုတ်ပယ်လိုက်ကြောင်း သိ ရသည်။

ကုသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဖေဖော်ဝါရီ ၂၆ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် မြန်မာသံရုံးများကို တိုက်တွန်းပြောဆိုခဲ့ဖူး သည်။

အမေရိကန်နိုင်ငံရှိ မြန်မာသံရုံး ဒုတိယအကြီးအကဲသည်လည်း ယင်းနှင့်အတူ အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက သံတမန်အခြားသုံးဦးသည် စစ်အစိုးရကို ဆန့်ကျင်ကြောင်း ဧပြီလ ၂၉ ရက်ထုတ် ဝါရှင်တန်ပိုစ့်သတင်းစာတွင် ဆောင်းပါးရေးသားခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.