ကိုလံဘီယာဆန္ဒပြပွဲ သီတင်းပတ်လေးပတ်မြောက်ထဲ ဝင်လာပြီဖြစ်ပြီး သေဆုံးသူ ၁၅ ဦးရှိဟု အစိုးရဆို

 496

ဝတီ (NP News) - မေ ၂ဝ

ကိုလံဘီယာတွင် အစိုးရဆန့်ကျင် ဆန္ဒပြပွဲများ အင်တိုက်အားတိုက် ဖြစ်ပွားနေသည်မှာ မေလ ၁၉ ရက်တွင် သီတင်းပတ်လေးပတ်မြောက်ထဲ ဝင်လာပြီဖြစ်ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

အခွန်အစီအစဉ်ကို မကျေနပ်သဖြင့် ဧပြီလ နှောင်းပိုင်းကစကာ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ ဆန္ဒပြသူများက အခြေခံဝင်ငွေ၊ လူထုကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှုများ ဆက်မ လုပ်ရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် စသည့်အရာများကိုပါ ထည့်သွင်းတောင်း ဆိုလာကြသည်။ ထိုအခွန်အစီအစဉ်ကိုမူ အစိုးရက ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့သာမက အရပ်သားများဘက်ကပါ အကြမ်းဖက်ခဲ့ကြပြီး အဆိုပါဆန္ဒပြပွဲများနှင့် ဆက်စပ်ကာ လူပေါင်း ၁၅ ဦး သေဆုံးသွားသည်ဟု ရှေ့နေချုပ်ရုံးက ဆိုသော်လည်း သေဆုံးသွားသူပေါင်း ၄ဝ ကျော်ပြိဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဆိုထားသည်။

လမ်းတွင် လုပ်ထားသည့် အပိတ်အဆို့အတားအဆီးများကို သမ္မတက ယခုသီတင်းပတ်တွင် ဖယ်ခိုင်းပြီး ထိုအတားအဆီးများကြောင့် အစားအစာနှင့်ဓာတ်ဆီ ပြတ်လပ်သွားခဲ့ရကြောင်း သိရသည်။

မြို့တော် ဘိုဂိုတာတွင် ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲကို လူပေါင်း ၈ဝဝဝ ခန့်တက်ရောက်ခဲ့သည်ဟု မြို့တော်ဝန်ရုံး က ခန့်မှန်းထားပြီး ဆန္ဒပြပွဲများဆက်လုပ်သွားမည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူများက ကတိပြုပြောဆိုထား သည်။

#NPNews

Related news

© 2021. All rights reserved.