မလေးရှားတွင် နှစ်ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၆ဝဝဝ ကျော်

 343

ရောင်နီ ( NP News ) - မေ ၂ဝ

တတိယလှိုင်း ကိုဗစ်- ၁၉ ကူးစက်မှုနှင့် ရင်ဆိုင်နေရသည့် မလေးရှားနိုင်ငံတွင် မေ ၂ဝ ရက်က ဗိုင်း ရပ်စ်ကူးစက်လူနာသစ် ၆၈ဝ၆ ဦး ထပ်တိုးလာခဲ့ကြောင်း CAN သတင်းဖော်ပြချက်အရသိရသည်။

မေလ ၁၉ ရက်ကလည်း ကူးစက်လူနာသစ် ၆ဝ၇၅ ဦး ထပ်တိုးခဲ့ကြောင်းသိရသည်။ ထို့ကြောင့် အဆိုပါပမာဏသည် နှစ်ရက်ဆက်တိုက် နေ့စဉ်ဗိုင်းရပ်စ်ကူးစက်လူနာသစ် ၆ဝဝဝ ကျော်ခြင်းဖြစ် ကြောင်း သိရသည်။

ယနေ့တွင် ကူးစက်လူနာသစ် ထပ်တိုးခြင်းသည် ဇန်နဝါရီလ ၃ဝ ရက်နေ့ နောက်ပိုင်း အများဆုံး ကူး စက်မှုနှုန်းအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး ကူးစက်လူနာသစ်များသည် Selangor ပြည်နယ်၊ Johor ပြည်နယ်၊ ကွာလာလမ်ပူတို့မှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။ မလေး ရှားနိုင်ငံတွင် လက်ရှိ ဗိုင်းရပ်စ်ကူးစက်လူနာ ၄၉၂၃ဝ၂ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အများပြည်သူအနေဖြင့် နေအိမ်တွင်သာနေထိုင်သင့်ကြောင်း၊ နေအိမ်များတွင် ဧည့်သည်လာရောက်မှု ကို ကန့်သတ်သင့်ကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်သာ အိမ်သုံးပစ္စည်းများ ဝယ်ယူရန် ဈေးဝယ်ထွက် သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်က အသိပေးထားသည်။ ထို့ပြင် ယခုလအစောပိုင်းက နိုင်ငံအစိုးရသည် လူမှုလုပ်ဆောင်မှုများနှင့် ခရိုင်၊ ပြည်နယ်များကြား ခရီး သွားလာမှုများကို နိုင်ငံတစ်ဝန်း အသွားအလာ ထိန်းချုပ်ရေးအမိန့် ( MCO ) ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကန့်သတ်ခဲ့ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.