ထိုင်ဝမ်တွင် ဒေသတွင်းဗိုင်းရပ်စ်ကူးစက်လူနာ ၂၈၆ ဦး ထပ်တိုး

 313

ရောင်နီ ( NP News ) - မေ ၂ဝ

ထိုင်ဝမ်တွင် မေလ ၂ဝ ရက်က ကိုဗစ် - ၁၉ ကူးစက်လူနာသစ် ၂၈၆ ဦး ထပ်တိုးလာပြီး ယခင်နေ့များ ထက် အနည်းငယ် မြင့်တက်လာကြောင်း CAN သတင်းဖော်ပြချက်အရသိရသည်။

ယခင်ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် သီတင်း နှစ်ပတ်က ဒေသတွင်း ကူးစက်လူနာ ၁၅၇၂ ဦး ထပ်တိုးခဲ့ကြောင်း သိရသည်။ သေဆုံးသူ တစ်ဦး ထပ်တိုးခဲ့ပြီး ပိုးကူးစက်သေဆုံးသူ စုစုပေါင်း ၁၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီး Chen Shih-chung က “ယခုမြို့တော်တိုင်ပေနဲ့ အိမ်နီးချင်းမြို့ နယူးတိုင်ပေရဲ့ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေဟာ အဆိုးရွားဆုံး ဗိုင်းရပ်စ်ကူးစက်မှု နှုန်းတွေထက်တော့ နိမ့်ကျနေဆဲ ဖြစ်ပြီး ကူးစက်ပျံ့ပွားမှု အခြေအနေ သိသိသာသာ ယိုယွင်းပျက်စီးမှု မရှိလာသေးဘူးလို့ ယူဆရတယ်” ဟု ပြောသည်။

မေလ ၁၉ ရက်ကလည်း ကူးစက်လူနာသစ် ၂၆၇ ဦး ထပ်တိုးခဲ့ပြီး ထိုင်ဝမ်တစ်ဝန်းလုံးတွင် အဆင့် ၃ သတိပေးချက် ချမှတ်ထားကြောင်း သိရသည်။ အဆိုပါ သတိပေးချက်အရ ဖျော်ဖြေရေးနေရာများ၊ စာကြည့်တိုက်များ၊ အားကစားအဆောက်အအုံများ နှင့် လူထုအခြေပြုစင်တာများကို ပိတ်ဆို့ကန့် သတ်ထားကြောင်း သိရသည်။

တိုင်ပေနှင့် အိမ်နီးချင်းမြို့ နယူးတိုင်ပေတွင်လည်း ပိုမိုမြင့်မားသည့် သတိပေးမှု အဆင့်ရှိနေပြီး မိုးလုံ လေလုံ အခန်းထဲတွင် လူ ၁ဝ ဦးကျော် စုဝေးခြင်းနှင့် ပြင်ပတွင် လူအယောက် ၅ဝ ကျော် စုရုံးခြင်းကို တားမြစ်ထားကြောင်းသိရသည်။ ထိုင်ဝမ်သည် Inc နှင့် AstraZeneca Plc မှ ကာကွယ်ဆေး ပမာဏ သန်း ၂ဝ ကျော်မှာယူထားပြီး ဇူလိုင်လမှစတင်ထိုးနှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.