ဒေါ်ခင်စောဦး မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရသည့်အတွက် ဦးဇော်ဇော် ဂုဏ်ပြု

 1542

NP News -မေ ၁၄

မြန်မာနိုင်ငံဘဏ်များအသင်း၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌအဖြစ် ဧရာဝတီဘဏ်လီမိတက်၏ အမှုဆောင် ဥက္ကဋ္ဌ ဒေါ်ခင်စောဦး (Executive Chairman) အား ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဧရာဝတီဘဏ်၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဦးဇော်ဇော်က မေလ ၁၄ ရက် (ယနေ့) တွင် ကျင်းပသော ဧရာဝတီဘဏ်လီမိတက်၏ (၄)ကြိမ်မြောက် ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဘဏ်၏တရားဝင်ထုတ်ပြန်ချက်အရသိရ သည်။

ဦးဇော်ဇော်အနေဖြင့် စစ်ကောင်စီအာဏာသိမ်းချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဆိုသည့် သတင်း များ ထွက်ပေါ်ခဲ့ပြီး အဆိုပါ အချိန်မှစကာ လူထုရှေ့သို့ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် မေလ ၁၄ ရက်တွင် ကျင်းပသော ဧရာဝတီဘဏ်လီမိတက်၏ (၄)ကြိမ်မြောက် ဒါရိုက်တာ အဖွဲ့အစည်းအဝေးတွင် ဦးဇော်ဇော်တက်ရောက်ခြင်းသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ လူထုရှေ့သို့ ပထမဆုံးအကြိမ် ပြန်လည် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

#NPNews
#AYABank

Related news

© 2021. All rights reserved.