၂၇ ကြိမ်မြောက် နှင့် ၂၈ ကြိမ်မြောက် ထီဖွင့်ပွဲများကို မူလသတ်မှတ်ရက်ထက် တစ်လစီနောက်ဆုတ် ကျင်းပမည်

 409

NP News - မေ ၁၂

၂၇ ကြိမ်မြောက် နှင့် ၂၈ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲများကို မူလသတ်မှတ်ထားသည့် ထီဖွင့် ရက်ထက် တစ်လနောက်ဆုတ်ကာ ကျင်းပမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာ လေသိန်းဆုဌာနခွဲက မေလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ထီလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကြောင်းပြုသူ လက်ပွေ့/တွန်းလှည်းထီရောင်းချသူများ စီးပွားရေးအခက်အခဲများ မဖြစ်ပေါ်စေရေးအ တွက် ထီရောင်းချရက်ပိုမိုရရှိစေရန် နှင့် ပြည်သူများအနေဖြင့် အခက်အခဲမရှိ ထီထိုးကံစမ်းမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ထီဖွင့်ပွဲများကို ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ၂၇ ကြိမ်မြောက် အောင်ဘာလေထီကို ၁-၆-၂ဝ၂၁ ရက်တွင်လည်းကောင်း၊ ၂၈ ကြိမ် မြောက် အောင်ဘာလေထီကို ၁-၇-၂ဝ၂၁ ရက်တွင် လည်းကောင်း အသီးသီးပြောင်းလဲဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် အစိုးရထီများ မထိုးခဲ့သည့်အတွက် ထီလက်ကျန်များစွာ ကျန်ခဲ့ရသည်။ ထို့ကြောင့် ၂၅ ကြိမ်မြောက်ထီဖွင့်လှစ်မည့်ရက်ကို မတ်လ ၁ ရက်အစား မတ်လ ၁၅ ရက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရသည်။
ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ထီမထိုးရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ဧပြီလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၆ ကြိမ်မြောက်ထီဖွင့်ရက်ကိုလည်း မေလ ၁ ရက်သို့ ပြောင်းရွှေ့ခဲ့ရပြီး အမြင့် ဆုံးဆုကိုလည်း ငွေကျပ် သိန်း ၁၅ဝဝဝ မှ ငွေကျပ် သိန်း ၅ဝဝဝ သို့ ပြောင်းလဲပေးခဲ့ရသည်။

Photo:alamy
#NPNews
#အောင်ဘာလေ

Related news

© 2021. All rights reserved.