စစ်ကောင်စီကို အနိုင်တိုက်ရန် ပြည်သူများက ထိုင်မနေဘဲ ပူးပေါင်းမှသာ အောင်နိုင်မည်ဖြစ်ကြောင်း မျိုးရန်နောင်သိမ်း ပြော

 885

(NP News) မေ -၁၁

စစ်ကောင်စီကို အနိုင်တိုက်ရန်အတွက် မဟာနည်းဗျူဟာများ ချထားပြီး ပြည်သူများအနေဖြင့် ထိုင်မနေဘဲ ပူးပေါင်းဆောင်ရွက်မှသာ အောင်နိုင်မည်ဖြစ်ကြောင်း NLD ဗဟိုသုတသေနမှူးဟောင်း မျိုးရန်နောင်သိမ်းက ပြောသည်။

အမျိုးသားကာကွယ်ရေးတပ်မတော်သည် GZ များဖြစ်သည့်အတွက် မြို့သိမ်းတိုက်ပွဲများ လုပ်ဆောင်လာလျှင် တိုက်ပွဲအတွေ့အကြုံမရှိခြင်းကြောင့် ပြည်သူများက ကူညီပေးရန်လိုကြောင်း ၎င်းက ပြောသည်။

“ စစ်တပ်က (၆၂) ၊(၈၈)၊အခု(၂၁)ခုနှစ် မှာ အာဏာသိမ်း ၊ လူတွေသတ်၊ သူတို့လုပ်ချင်တာလုပ်ပြီးရင် အပြစ် ပေးမခံရဘူး၊ အဲတော့သူတို့က ဘာတွေးလည်းဆိုတော့ ငါတို့လူသတ်မယ် ပြီးရင် ပြီးသွားပြီဆိုပြီးနေကြတယ်။ ကျွန်တော်တို့ ဒါမျိုးအဖြစ်ခံလို့မရဘူး” ဟု မျိုးရန်နောင်သိမ်းက ပြောသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အခြေမကျအောင် လုပ်ဆောင်ရန်လိုအပ်ပြီး တစ်ဖက်တွင်လည်း မြန်မာ နိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာအာဏာကွန်ရက်နှင့် ချိတ်ဆက်ပြီး မြို့ပေါ်တိုက်ပွဲများကို အချိန်ကိုက်ပြန် ဖော်ရန်လိုကြောင်း ဆက်လက် ပြောသည်။

ပြည်သူများအနေဖြင့်လည်းတောထဲတွင်ပညာမသင်လျှင်မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာအာဏာကွန်ရက်နှင့် လာရောက်ချိတ်ဆက်ပြီး “ စောင့်ကြည့်၊ပြင်ဆင်၊တရားစီရင် “ ဆိုသည့် ပြည်သူ့တရားစီရင်ရေး စနစ်ကို ဆောင်ရွက်ခြင်းအားဖြင့် အောင်နိုင်ရေးအတွက် သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားသည်။

#NPNews

Related news

© 2021. All rights reserved.