မြန်မာပြည်အေးချမ်းတည်ငြိမ်ရေးနှင့် ကိုဗစ်ကပ်ဘေးကင်းဝေးရေးအတွက် တရုတ်-မြန်မာသံဃာတော်များ ပူးပေါင်း၍ ငါးရက်ကြာ မေတ္တာပို့ဆုတောင်းပွဲ စတင်

 528

မိုးတိမ် (NP News) မေ - ၁၃

မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးနှင့် ကိုဗစ် ကပ်ရောဂါဆိုးများ ကင်းစင်ပပျောက်ရေးအတွက် မြန်မာ-တရုတ်သံဃာတော်များက ငါးရက်ကြာမြင့်မည့် တစ်ပြိုင်တည်းဝတ်ပြုဆုတောင်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအပါအဝင် ကမ်ဘာတစ်လွှား၌ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးကင်းဝေးပ ပျောက်စေရေးအတွက် ဗုဒ္ဓ၏ဓမ္မတရားတော်အတိုင်း မေတ္တာဖြင့်ဝတ်ပြုပူဇော်ပေးခြင်းကို မြန်မာနိုင်ငံ နှင့် တရုတ်နို်င်ငံတို့ နှစ်နိုင်ငံ သံဃာတော်များ ချိတ်ဆက်၍ မေလ ၁၁ ရက္က ဆုတောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မန္တလေး အမရပူရမြို့နယ်ရှိ ကမ်ဘာ့ပထမဆုံး ကျောက်စိမ်းဗုဒ္ဓစေတီတော်ကြီး၌လည်းကောင်း၊ တရုတ်နိုင်ငံ မြို့ကြီးလေးမြို့ရှိ ဖုရမ်ဘုရားကျောင်းတို့၌ လည်းကောင်း နှစ်နိုင်ငံလုံးမှသံဃာတော်များက တစ်ချိန်တည်းတစ်ပြိုင်တည်း ဝတ်ပြုဆုတောင်းခဲ့ခြင်း လည်း ဖြစ်သည်။ သာသနာတော်၏ စင်ကြယ်သန့်ရှင်းသော ဓမ္မတရားတော်များနှင့် မေတ္တာ ဓာတ်များအရ မေတ္တာပို့ဆုတောင်းပေးခြင်းတွင် ရန်ငါမခွဲဘဲ လူသားအားလုံးအပေါ် လွှမ်းခြုံခြင်းဖြစ်ပြီး မေတ္တာတရားထက်ပို၍ကြီးမားသော အင်အားဟူသည် မရှိခြင်းကို ဗုဒ္ဓသားတော်များက ပြသခြင်းမျိုး လည်း ဖြစ်သည်။ အထူးသဖြင့် သာသနာတော်နှင့် ဗုဒ္ဓသားတော်များအပေါ် မည်သည့်အမြင်မျိုး ရှိစေ သည်ဖြစ်စေကာမူ ဗုဒ္ဓသားတော်များဘက်က မေတ္တာဖြင့်သာ ပြန်လည်ပြသ၍ မြန်မာ့အရေးအမြန်ဆုံး တည်ငြိမ်စေရန်နှင့် ကိုဗစ်ကပ်ရောဂါဆိုးများမှ ကင်းဝေးလွှင့်ပါးစေရန် ရည်ရွယ်ကြခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် ဆရာတော်များထံမှ သိရသည်။ တရုတ်ဘက်ခြမ်းတွင် ဟန်ယန်ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်၍ သံဃာတော်များနှင့်အတူ ဝတ်ပြုဆုတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်ဘက်မှ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏တည်ငြိမ် အေးချမ်းရေးနှင့်ကပ်ရောဂါ ဆိုးများကို ကင်းစင်ပပျောက်စေလိုခြင်းအပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေရန် ဝတ်ပြုဆုတောင်းပွဲ ကွန်ဖရင့်ကို ကျင်းပရခြင်းဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများအရ စိတ်မချမ်းမြေ့ဖွယ်ရာ မ်ားစြာ ရှိနေပြီး ယင်းအဖြစ် ထပ်တူခံစားရကြောင်းလည်း ကွန်ဖရင့်ဘက်က သတင်းထုတ်ပြန်ထားသည်။

#NPNews

Related news

© 2021. All rights reserved.