ဖက်ဒရယ်ပြည်ထောင်စုဖွဲစည်းပုံအခြေခံ ဥပဒေရေးရာကော်မရှင်ဖွဲစည်း

 1012

NPNews - မေ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ဖက်ဒရယ်ပြည်ထောင်စုဖွဲစည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းအဝဝကို ကြီးကြပ်လမ်းညွှန်ရန် ဖက်ဒရယ်ပြည်ထောင်စု ဖွဲစည်းပုံအခြေခံဥပဒေရေးရာကော်မရှင်ကို ဖွဲစည်းလိုက်ကြောင်း မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒုဥက္ကဋ္ဌဌ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပြီး တွဲဖက်အတွင်းရေးမှူး ၂ ဦးနှင့် အဖွဲဝင် ၁၁ ဦးတိုဖြင့် ဖွဲစည်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၀ ခုနှစ် ဧပြီ ၁၆ ရက်၌ ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အမျိုးသားညီညွတ်ရေးအစိုးရကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသလို စစ်တပ်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်အဖွဲအစည်းအဖြစ် ကြေညာထားသည်။

#NPNews

Related news

© 2021. All rights reserved.