Miss Universe ပြိုင်ပွဲကြီးတွင် ချင်းအမျိုးသားဝတ်စုံဖြင့် National Costume Winner ဆုရရှိခဲ့သည့် မြန်မာအလှမယ်

 663

NP News - မေ ၁၆

Miss Universe 2020 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်နေသည့် သူဇာဝင့်လွင်က ချင်းအမျိုးသားဝတ်စုံဖြင့် National Costume Winner ဆုကို ရရှိခဲ့ကြောင်း သိရသည်။ သူဇာဝင့်လွင်သည် Final ပြိုင်ပွဲတွင်လည်း Top 21 အထိ ပါဝင်ခဲ့ကြောင်း သိရသည်။

“Florida မှာရှိတဲ့ ချစ်ရတဲ့ချင်းလူမျိုးတွေက သူဇာ့ကို ဂုဏ်ပြုပွဲလေးပြုလုပ်ပေးပီး အားပေးစကားတွေ ပြောပေးတာ၊ NC winner ရတာလဲချင်းလူမျိုးတွေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ ကျေးဇူးအများကြီး တင်ပါ တယ်ရှင်၊ ဆုတောင်းတွေပြည့်ခဲ့ပါပြီ”ဟု သူဇာဝင့်လွင်က ယင်း၏ ဖေ့ဘုတ်စာမျက်နှာတွင်ရေးသား ထားသည်။

သူဇာဝင့်လွင်အနေဖြင့် National Costume ပြိုင်ပွဲအတွက် စီစဉ်ထားသည့် ဝတ်စုံသည် ပြိုင်ပွဲသို့အချိန် မီရောက်မလာခဲ့ခြင်းကြောင့် အမေရိကရောက် ချင်းလူမျိုးများနှင့် ချင်းတောင်တန်း(အတ္တလန်တာ, ဂျော်ဂျီယာ) အဖွဲ့က ချင်းဝတ်စုံကို စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူဇာဝင့်လွင်အနေဖြင့် ပြိုင်ပွဲမသွားရောက်မီကလည်း စစ်ကောင်စီအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တွင် ပူးပေါင်းပါဝင်ခဲ့ပြီး ပြိုင်ပွဲတွင်လည်း မြန်မာပြည်ကြီးအတွက် “Pray For Myanmar” ဟုလည်း တောင်း ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ယင်းအနေဖြင့် “သူဇာ့ကို ဝရမ်းထုတ်ထားတယ်ဆိုတဲ့သတင်းက သတင်း အမှား ပါရှင်။ ဒါပေမယ့် နိုင်ငံကထွက်လာပြီဆိုကတည်းက အိမ်ကိုပြန်ဖို့အတွက် Risk ကိုမယူရဲတာပါ။ ဖြစ်နိုင် ရင်တော့ ကိုယ့်အိမ်ကိုယ်ပဲပြန်ချင်တာပေါ့။ လောလောဆယ် ဒီမှာအဆင်ပြေအောင်ပဲ ကြိုးစားပြီးနေ ထိုင်ပါဦးမယ်” ဟု ဖေ့ဘုတ်တွင် ရေးသားထားသည်။

#NPNews

Related news

© 2021. All rights reserved.