ဟောင်ကောင်က အသုံးမပြုရသေးသည့် သန်းပေါင်းများစွာသော ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို မကြာမီကာလအတွင်း စွန့်ပစ်ရဖွယ်ရှိ

 264

ရောင်နီ ( NP News ) - မေ ၂၆

ဟောင်ကောင်က ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အလုံအလောက်ထိုးနှံခြင်းမပြုရသေးခင် ဆေး များ၏ သက်တမ်းကုန်ဆုံးမည့်ရက်နီးကပ်လာခြင်းကြောင့် မကြာမီကာလအတွင်း သန်းပေါင်းများစွာ သော ကာကွယ်ဆေးများကို စွန့်ပစ်ရတော့မည်ဖြစ်ကြောင်း CNAသတင်းဖော်ပြချက်အရသိရသည်။

လူဦးရေ ၇ ဒသမ ၅ သန်းရှိသည့် ဟောင်ကောင်သည် လူဦးရေ အားလုံးကို ကာကွယ်ဆေးထိုးနှံရန် အ တွက် ဆေးအလုံအလောက် ရရှိထားသည့် နိုင်ငံဖြစ်သည်။

“ရရှိထားတဲ့ Pfizer-BioNTech ကာကွယ်ဆေးရဲ့ သက်တမ်းဟာ နောက် ၃ လမှာ ကုန်ဆုံးသွားတော့ မှာ ဖြစ်တယ်”ဟု အစိုးရ၏ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Thomas Tsang က ပြောသည်။

လက်ရှိ အချိန်အထိ လူဦးရေ၏ ၁၉ ရာခိုင်နှုန်းသာ ကာကွယ်ဆေးတစ်ကြိမ်ရရှိခဲ့ပြီး နှစ်ကြိမ်ထိုးနှံပြီးသူ ၁၄ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

“ကမ္ဘာတဝှမ်းလုံးက ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ကြိုးပမ်းနေချိန်မှာ ထိုင်ဝမ်က ရရှိထားတဲ့ ဆေး တွေ သက်တမ်းကုန်ဆုံးသည်အထိ စောင့်ကြည့်နေကြခြင်း လုပ်ရပ်ဟာ မဟုတ်သေးကြောင်း၊ ကာ ကွယ်ဆေးအသစ်ရရှိဖို့ မဖြစ်နိုင်သေးကြောင်း” Tsang ကပြောသည်။

လက်ရှိတွင် အသုံးမပြုရသေးသည့် Pfizer-BioNTech ကာကွယ်ဆေး သန်းပေါင်းများစွာကို အလွန် နိမ့်သည့် အပူချိန်တွင် သိုလှောင်ထားကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.