NLD ပါတီကို ဖျက်သိမ်းရန် ခြိမ်းခြောက်နေခြင်းသည် ဥပဒေကို ကျော်လွန်နေသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်ပြော

 488

NP News - မေ ၂၆
စစ်ကောင်စီမှ NLD ပါတီကို ဖျက်သိမ်းရန် ခြိမ်းခြောက်နေခြင်းသည် ဥပဒေကို ကျော်လွန်နေသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မေလ ၂၅ ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် ၁၄၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံတွင် ပြောကြားခဲ့သည်။

“မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေကြောင့် အကွဲကွဲအပြားပြားရှိနေကြပေမယ့် ရောက်ရာနေရာကနေ ပြည်သူတွေကို ကိုယ်စားပြုပြီး သူတိုတာဝန်တွေကို ထမ်းဆောင်နေကြတယ်” ဟု ဦးအောင်ကြည်ညွန့်ကပြောသည်။

ထိုပြင် CRPH ကို အသိအမှတ်ပြုပြီး ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ်များကို ထောက်ခံပေးကြရန် နိုင်ငံတကာပါလီမန်အမတ်များမှ သက်ဆိုင်ရာပါလီမန်များ တွင် တောင်းဆိုပေးစေလိုကြောင်း ဦးအောင်ကြည်ညွန့်က ထည့်သွင်းပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.