ယခင်အာဏာသိမ်းမှုတွင် ဦးဆောင်ခဲ့သည့် ဗိုလ်မှူးကြီးက မာလီနိုင်ငံတွင် တိုင်းပြည်အာဏာကို ဆုပ်ကိုင်လိုက်ပြန်

 542

ဝတီ (NP News) - မေ ၂၆
ပြီးခဲ့သည့်နှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ကြားဖြတ်အစိုးရအဖွဲ့တွင် ဒုတိယသမ္မတဖြစ်လာသည့် မာလီစစ်တပ် ဗိုလ်မှူးကြီး Assimi Goita က လက်ရှိသမ္မတနှင့် ဝန်ကြီးချုပ်ကို ရာထူးမှဖြုတ်ချလိုက်ကာ တိုင်းပြည်အာဏာကို ဆုပ်ကိုင်လိုက်ပြန်ပြီဖြစ်သည်ဟု မေလ ၂၅ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ မူလစီစဉ်ထားသည့်အတိုင်း လာမည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကပြောသည်။

“သမ္မတနှင့် ဝန်ကြီးချုပ်က ၎င်းတို့တာဝန်များကို ထမ်းဆောင်ရာတွင် ပျက်ကွက်ပြီး တိုင်းပြည်အကူးအပြောင်းကာလကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်”ဟု ဗိုလ်မှူးကြီး Assimi Goita က စွပ်စွဲပြောကြားထားသည်။ ဗိုလ်မှူးကြီး Assimi Goita က ကြားဖြတ်အစိုးရအဖွဲ့တွင် ဒုသမ္မတရာထူး ယူထားသော်လည်း အစိုးရ အဖွဲ့အပြောင်းအလဲလုပ်သည့်ကိစ္စကို သမ္မတနှင့် ဝန်ကြီးချုပ်က ၎င်းနှင့်တိုင်ပင်ခြင်းမရှိကြောင်း ပြောသည်။

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်အပြီး နာရီပိုင်းအကြာတွင်ပင် သမ္မတနှင့်ဝန်ကြီးချုပ် အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး အဆိုပါပြင်ဆင်ဖွဲ့စည်းမှုတွင် စစ်တပ်ထိပ်တန်း အရာရှိကြီးနှစ်ဦးလူစား ထိုးခံလိုက်ရသည်။

ကုလအကြီးအကဲ၊ အာဖရိကသမဂ္ဂ၊ အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အဝန်း၊ ဥရောပသ မဂ္ဂနှင့် အမေရိကန်အစိုးရတို့က သမ္မတနှင့် ဝန်ကြီးချုပ်ကို ချက်ချင်းလွှတ်ပေးရန်တောင်းဆိုနေသော် လည်း အဆိုပါတောင်းဆိုချက်များကို အဆိုပါ ဗိုလ်မှူးကြီးက မသိကျိုးကျွံပြုနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Related news

© 2021. All rights reserved.