ထိုင်းတွင် ကိုဗစ်ကူးစက်သေဆုံးလူနာစံချိန်တင်မြင့်တက်လာ၍ အကျဉ်းသားအချို့လွှတ်ပေးရန်စီစဉ်

 506

ရောင်နီ (NP News) - မေ ၂၆
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူသစ် ၄၁ ဦးစံ ချိန်တင်ထပ်တိုးခဲ့ပြီး ကူးစက်လူနာသစ် ၂၄၅၅ ဦးထိ ရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၆ ရက် ထုတ်ပြန်လိုက်သည်။

ကူးစက်လူနာသစ်များတွင် ဒေသတွင်း ကူးစက်လူနာ ၁၉၇၆ ဦး၊ အကျဉ်းသား ၄၇၉ ဦး ပါဝင်ကြောင်း သိရသည်။ အကျဉ်းသားများအကြား ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ခပ်ခွာခွာ နေထိုင်ရန် လိုလာသည့် အခါ အကျဉ်းထောင်များ၏ ခံနိုင်ဝန်အား နေရာအကျယ်နှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုများ ရှိလာခြင်း ကြောင့် အစိုးရ၏ အစီအစဉ်များအရ အကျဉ်းသားအချို့ကို မကြာမီလွတ်ငြိမ်းခွင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

တရားရေးဝန်ကြီး Somsak Thepsuthin က “ကွာရန်တင်းကာလ ပြီးမြောက်တဲ့ အကျဉ်းသားတွေသာ ရွေးချယ်ပြီး လွတ်ငြိမ်းခွင့် ပေးသွားမယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အကျဉ်းသားကို လွတ်ပေးမှာမ ဟုတ်ဘူး။ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားဟာ ဆေးရုံမှာဗိုင်းရပ်စ်စစ်ဆေးမှုထပ်မံပြုလုပ်ရမှာဖြစ်ပါ တယ်”ဟု ပြောသည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ဗိုင်းရပ်စ်ကူးစက်မှုအသစ်များ ပေါ်ထွက်လာနေပြီး ဧပြီလမှစတင် ခဲ့သည့် တတိယလှိုင်းကူးစက်မှုတွင် အကျဉ်းသား ၁၈ဝဝဝ နီးပါးကူးစက်ခဲ့ကြောင်း သိရသည်။ ယနေ့ ထိ ထိုင်းနိုင်ငံတွင် ပိုးကူးစက်ခံရသူ ၁၃၇၈၉၄ ဦး၊ သေဆုံးသူ ၈၇၃ ဦးထိရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရ သည်။

Related news

© 2021. All rights reserved.