အမေရိကန်သမ္မတနှင့် ရုရှားသမ္မတ ရှေ့လတွင် တွေ့ဆုံဆွေးနွေးကြမည်

 460

ဝတီ (NP News) - မေ ၂၆
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဂျနီဗာတွင် ဇွန်လ ၁၆ ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးအသီးသီးက မေလ ၂၅ ရက်တွင်ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု၊ လူ့အခွင့်အရေး၊ ယူကရိန်းအရေးတို့ နှင့်ပတ်သက်ကာ နှစ်နိုင်ငံ ငြင်းခုံမှု ပိုမိုအကြိတ်အနယ်ဖြစ်လာချိန်တွင် နှစ်နိုင်ငံထိပ်တန်းခေါင်း ဆောင်တို့က တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်-ရုရှားဆက်ဆံရေးမှာ တည်ငြိမ်မှုနဲ့ အခြေအနေကို ခန့်မှန်းလို့ရတာမျိုး ပြန်ဖြစ်အောင်ကြိုး စားနေတဲ့အတွက် ခေါင်းဆောင်တွေက အရေးကြီးကိစ္စရပ်တွေအားလုံးကို ဆွေးနွေးသွားမှာပါ”ဟု အမေရိကန်သမ္မတရုံးပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်ဆက်ဆံရေး၊ နျူကလီးယားနှင့်ဆက်စပ်သည့် တည်ငြိမ်မှု၊ ကိုဗစ် ၁၉ ပူးပေါင်းတိုက်ဖျက်ရေး၊ ဒေသတွင်း ပဋိပက္ခအပါအဝင် အခြားသော ကိစ္စရပ်များကိုလည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးသွားမည်ဟု ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။

ဆက်ဆံရေးအခြေအနေ ပြန်လည်ပြောင်းလဲသွားစေရန် ကြိုးပမ်းနေသည်ဟူသော စကားရပ်ကို အမေ ရိကန်သမ္မတရုံးက ရှောင်ရှားသွားပြီး ယခင့်ယခင်က အမေရိကန်သမ္မတများသည် ရုရှားနှင့် ဆက်ဆံရေးအဆင်ပြေလာစေရန် ကြိုးပမ်းတိုင်းယင်းစကားရပ်ကို သုံးနှုန်းလေ့ရှိကြောင်း သိရသည်။

Related news

© 2021. All rights reserved.