လွိုင်ကော်မြို့နှင့်ဒီးမော့ဆိုမြို့ ဖြစ်ရပ်များမှ သတင်းမှားအချို့ကို စစ်ကောင်စီဖြေရှင်း

 1081

NP News – မေ ၂၇
လွိုင်ကော်မြို့အနီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် မေလ ၂၆ ရက်တွင် ပြည်သူ ၂ဝဝဝဝကျော် တိမ်းရှောင်နေရပြီး စစ်ကောင်စီက ဒီးမော့ဆိုမြို့ကို အမြောက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ မေလ ၂၇ ရက်ကပြန်လည် ဖြေရှင်းလိုက်သည်။

ပြည်သူ ၂ဝဝဝဝ ကျော်ဆိုသည့် အရေအတွက်သည် မှန်ကန်မှုမရှိကြောင်းနှင့် လွိုင်ကော်မြို့ခရစ် ယာန်ဘုရားကျောင်းတွင် ကိုယ်ဝန်ဆောင်များနှင့် အသက်အရွယ်ကြီးရင့်သည့် အဘိုး၊အဘွားအချို့သာ ခိုလှုံနေခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

“ဒီးမော့ဆိုမြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခဲ့တယ်ဆိုတာ စွပ်စွဲချက်သက်သက်သာ ဖြစ်ပါတယ် ” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် မေလ ၂၆ ရက်နေ့က တပ်များကို အကြမ်းဖက်အဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရခြင်းရှိကြောင်း ပြောသည်။

ကယားပြည်နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိ လွိုင်ကော်မြို့ လမ်းမများပေါ်တွင် လူသူကင်းမဲ့လျက် အချို့သည် နီးစပ်ရာရွာများဆီသို့ တိမ်းရှောင်သွားရမှု များရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

စစ်ကောင်စီ၏ ပြောကြားချက်တွင် လက်နက်ကိုင်တပ်ဖွဲ့များသည် လူနေအိမ်များ၊ ဘာသာရေးအဆောက် အဦးများကို အကာကွယ်ပြု၍ လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် မိမိကိုယ်ကို ခုခံပိုင်ခွင့်စည်းမျဉ်းများနှင့်အညီ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်းပြောသည်။

Related news

© 2021. All rights reserved.