မြန်မာ့နိုင်ငံရေးအရှုပ်အထွေးကြောင့် ထိုင်းပို့ကုန် ဘတ် ၉၆ဘီလီယံကျော်အထိ လျော့နည်းသွားဟုဆို

 400

ဂျန်ဇက် (NP News) - မေ ၂၈

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခက်အခဲအရှုပ်အထွေးများကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံကိုတင်ပို့နေသည့် ထိုင်းပို့ကုန်ပမာဏ ဘတ် ၉၆ ဒသမ ၅ ဘီလီယံလျော့နည်းသွားကြောင်း ထိုင်းကုန်သွယ်ရေးတက္ကသိုလ် (UTCC) က မေလ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါတက္ကသိုလ်၏ နိုင်ငံတကာကုန်သွယ်ရေးလေ့လာမှုဌာန ညွှန်ကြားရေးမှူး Aat Pisanwanich က “စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရက်၁ဝဝအတွင်းမြန်မာနိုင်ငံမှာထိုင်းနဲ့ အာဆီယံနိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကျဆင်းသွားခဲ့ပြီး မြန်မာနိုင်ငံရဲ့GDP ဟာ ပထမလေးလအတွင်း၂ဒသမ၅ရာခိုင်နှုန်းသာရှိတော့ပါတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တင်ပို့သည့် ကုန်ပစ္စည်းများအနက်မှ စားအုံးဆီ၊ စက်ပစ္စည်းများ၊ သံမဏိ၊ အထည်လိပ်များ၊ ရာဘာနှင့်ထုတ်လုပ်သည့်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်၊ ဆေးဝါးပစ္စည်း များ၊ ကွန်ပျူတာနှင့် ကြွေထည်ပစ္စည်းများ တင်ပို့မှုများစွာကျဆင်းခဲ့ကြောင်းသိရသည်။ ကုန်လမ်းက တင်ပို့သည့် ကုန်ပစ္စည်းများသာမက ရေလမ်းကသင်္ဘောဖြင့်တင်ပို့သည့် ကုန်ပစ္စည်းတင်ပို့မှုများပါ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းများသာမက အိန္ဒိယ၊ ကိုရီးယား၊ အမေရိကန်တို့မှ တင်ပို့သည့်ကုန်ပစ္စည်းပမာဏများလည်း ကျဆင်းခဲ့ကြောင်းအဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Related news

© 2021. All rights reserved.