ဒေါ်အောင်ဆန်းစုကြည်ထံ လာဘ်ပေးခဲ့သော ဦးမောင်ဝိတ်၏အမှုကို ဆက်လက်စုံစမ်းနေဟုဆို

 1375

NP News - မေ ၂၈
ဒေါ်အောင်ဆန်းစုကြည်ထံ ဦးမောင်ဝိတ် လာဘ်ငွေပေးမှုနှင့်ပတ်သက်ပြီး ဦးမောင်ဝိတ်၏အမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း နစကမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေလ ၂၈ ရက်တွင် ပြောသည်။

စေပိုင်ဆောက်လုပ်ရေးကုမ္ဗဏီပိုင်ရှင် ဦးမောင်ဝိတ်သည် ၎င်း၏စီးပွားရေးလုပ်ငန်းများ အဆင် ပြေစွာ လုပ်ကိုင်ခွင့်ရရန်အတွက် ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ပေး လာဘ်ယူမှုများပြုလုပ်ခဲ့ သည်ဟု နိုင်ငံပိုင်ရုပ်သံမှတဆင့် ဝန်ခံထွက်ဆိုဖူးသည်။

လုပ်ငန်းရှင်များသည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပါက စစ်ကောင်စီအနေဖြင့် ယခင်အစိုးရများ၏ ခွင့်ပြုထားသည့် ခွင့်ပြုချက်အတိုင်းထားရှိပြီး ဆက်လက်လုပ်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

“မူဝါဒအရ အရင်အစိုးရနဲ့သဘောတူခဲ့တဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းမှန်သမျှကို ဥပဒေနဲ့အညီဆောင် ရွက်ရင် ဆက်လက် လုပ်ခွင့်ပြုပေးနေပါတယ်။ ဦးမောင်ဝိတ်ရဲ့ လာဘ်ပေးလာဘ်ယူမှုကိုလည်း ဆက်လက်စုံစမ်းနေတာကြောင့် တရားရုံးအဆုံးအဖြတ်မကျခင်မှာ ကြိုတင်ပြောလို့ မရပါဘူး” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဦးမောင်ဝိတ်(စေပိုင်ဆောက်လုပ်ရေး) သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၈ ခုနှစ်၊ မေလတွင် အမေရိကန်ဒေါ်လာ တစ်သိန်း၊ ၂၀၁၉ ခုနှစ် မေလတွင် ဒုတိယအကြိမ် အမေရိကန်ဒေါ်လာ တစ်သိန်း ခွဲ၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တတိယအကြိမ် အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် ဧပြီလတွင် စတုတ္ထအကြိမ်အြ ဖစ် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ၎င်းကိုယ်တိုင်ပေး အပ်ခဲ့ကြောင်း မတ်လ ၁၇ ရက်က နစက သတင်းစာရှင်းလင်းပွဲတွင် ရုပ်သံနှင့်တကွ ဝန်ခံထွက်ဆို ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖော်ထုတ်စစ်ဆေး စီစဉ် ဆောင်ရွက်လျက်ရှိပြီး လာဘ်ပေးခဲ့သည့် ဦးမောင်ဝိတ်၏ အမှု ကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.