မူဆယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမှိုက်သိမ်းနေသည့် အသက် ၁၈ နှစ်ကလေးသေဆုံးခဲ့ရ

 748

NP News - မေ ၂၈
မူဆယ်မြို့၊ ဈေးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ အမှိုက်သိမ်းနေသည့် အသက် ၁၈ အရွယ် ကုမ္ပဏီဝန်ထမ်း မောင်ဖိုးသင်္ကြန်က မေလ ၂၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကြောင်းမူဆယ်မြို့အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းက အသိပေးထုတ်ပြန်လိုက်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယင်းမြို့ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းများကို မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် အိမ်ရှေ့၊ လမ်းဘေး၊ လမ်းထောင့်၊ လမ်းလယ်တို့တွင် ကြိုတင်စွန့်ပစ်ထားသော အမှိုက်ထုပ်များအား သိမ်းဆည်းသွားမည်မဟုတ်ဘဲ အမှိုက်သိမ်းယာဉ်သို့ မိဘပြည်သူများကိုယ် တိုင်လာရောက်စွန့်ပစ်ပေးရန် မူဆယ်မြို့အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်းက အသိပေးထုတ်ပြန်လိုက်သည်။

လက်ရှိရက်ပိုင်းအတွင်း မြို့အသီးသီးတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိပြီး အချို့သော ပေါက်ကွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်များလည်း ဆုံးရှုံးမှုများရှိလာခဲ့သည်။
Photo:CJ

Related news

© 2021. All rights reserved.