ဂါဇာစစ်ရေးပဋိပက္ခတွင် ရာဇဝတ်မှုများ ကျူးလွန်ထားသည်ဟုဆိုကာ ကုလက စုံစမ်းစစ်ဆေးမည်

 535

ဝတီ (NP News) - မေ ၂၈

အစ္စရေးစစ်တပ်နှင့် ဂါဇာရှိ ဟာမာ့စ်စစ်သွေးကြွအဖွဲ့တို့ ၁၁ ရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့် စစ်ရေးပ ဋိပက္ခတွင် ရာဇဝတ်မှုများကျူးလွန်ထားသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မေလ ၂၇ ရက်တွင် သဘောတူလိုက်ကြသည်ဟု မေလ ၂၈ ရက် စီအန်အေသတင်းတွင် ဖော်ပြထားသည်။ ၁၁ ရက်ကြာတိုက်ပွဲသည် မေလ ၂၁ ရက်အရောက်တွင်မှ အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ကြောင့် တစ်ခန်းရပ်သွားခဲ့ရသည်။

ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ဂါဇာနှင့် အနောက်ဘက်ကမ်းခြေဒေသတွင်သာမက အစ္စရေးတွင်ပါ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဂါဇာတွင် အစ္စရေး တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဟာမာ့စ်သည်လည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ ကုလကော်မရှင်နာမင်းကြီးက အစောပိုင်းတွင် ကောင် စီကို ပြောခဲ့သည်။ အထက်ပါဂျနီဗာညီလာခံကချမှတ်သည့် ယင်းဆုံးဖြတ်ချက်ကို အစ္စရေးက လက်မခံသည့်အပြင် ပူးပေါင်းဆောင်ရွက်သွားမည်လည်းမဟုတ်ဟု ပြောကြားလိုက်သည်။

ဟာမာ့စ်တို့ဘက်က ဒုံးကျည်ဖြင့် ပစ်လာခြင်းကြောင့် အစ္စရေးနိုင်ငံသားများကို နိုင်ငံတကာဥပဒေနှင့်အညီ ကာကွယ်ပေးခဲ့ခြင်းသာဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။ အစ္စရေးဘက်ကို ဒုံးကျည်များဖြင့်ပစ်ခြင်းသည် တရားဝင်ခုခံပိုင်ခွင့်သာဖြစ်ကြောင်းနှင့် အစ္စရေးကို ပြစ်ဒဏ်ခတ်အရေးယူရန် ချက်ချင်းလုပ်ဆောင်သင့်ကြောင်း ဟာမာ့စ်ဘက်မှပြောရေးဆိုခွင့်ရှိသူကပြောသည်။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.