ကလေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း နှင့် တာချီလိတ်လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်းမည်

 806

ဖူးပြည့် (NP News)- မေ ၂၈
Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကလေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း နှင့် တာချီလိတ် တို့ကိုပြေးဆွဲနေသည့် ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို မေလ ၂၉ ရက်မှ ဇွန်လ ၈ ရက်အထိ ခေတ္တရပ်ဆိုင်းထားရန် မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုများကို မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ဒုတိယလှိုင်း ကာလအတွင်းစတင်ရပ်ဆိုင်းခဲ့ပြီး ကူးစက်မှုနှုန်းကျဆင်းလာသည့်အတွက် ၂ဝ၂ဝ ဒီဇင်ဘာလ ၁၆ ရက် မှစတင်ကာ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည်။ ယခုအကြိမ်သည် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုပမာဏ အယောက် ၁ဝဝ နီးပါးပြန်လည်မြင့်တက်လာချိန်ဖြစ်သည်။

အဆိုပါ ကန့်သတ်ချက်များအတွက် အချို့သောပြည်တွင်းလေကြောင်းများက ဝယ်ယူထားသောခရီး စဉ်လက်မှတ်များကို ဇွန်လကုန်အထိ ကြိုက်နှစ်သက်ရာ ရက်ကို ပြောင်းလဲရယူခြင်း၊ နာမည်တစ်ကြိမ် ပြောင်းလဲခွင့်ပေးခြင်းတို့ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.