ပါဂျောင်လူသတ်ပွဲမှ နာမည်ကျော် ရဲဘော်သံချောင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကွယ်လွန်

 4397

မိုးတိမ် (NP News) မေ ၂၈

ပါဂျောင်ဒေသ ABSDF မြောက်ပိုင်းကျောင်းသားတပ်တွင်းသတ်ဖြတ်မှုများ၏ အဓိကတာဝန်ရှိသူများထဲတွင် တဦးအဖြစ်သတ်မှတ်ခံရသူ သံချောင်း(ခ)မြင့်စိုး(ခ) စပ်ခွန်ကျော်ကို ဝိုင်းဝန်းလုပ်ကြံသူများ ရှိလာခဲ့ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဘော် သံချောင်းဟူ၍ အမည်ပြောင်ဖြင့် နာမည်ကျော်ကြားသူ ဦးမြင့်စိုး(ခ)စဝ်ခွန်ကျော်သည် ရှမ်းနီအမျိုးသားများ တပ်မတော် SNA ၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်စတင်ယူသည့်ကာလ မေလ(၂၆)ရက်ကပင်လျှင် ရုတ်တရက် လုပ်ကြံခံရခြင်းမျိုးဖြစ်ပြီး မေလ(၂၇)ရက်ရောက်မှသာလျှင် ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းနယ်၌ရောက်ရှိနေစဉ် မေလ(၂၆)ရက် နေ့လယ်တစ်နာရီခွဲခန့်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရ၍ ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းဖြစ်ပြီး မေလ(၂၇)ရက် နံနက်(၉)နာရီခန့်၌ ကွယ်လွန်သွားခဲ့ရခြင်းမျိုးဖြစ်သည်။ အဆိုပါဖြစ်ရပ်အရ ရဲဘော်သံချောင်းကို အငြိုးထားသူများ ရှိခြင်းမရှိခြင်းနှင့် ထိုင်ခုံနေရာလုပွဲများ ရှိခြင်းမရှိခြင်းဆိုသောရှုထောင့်များဖြင့် SNA ဘက်က စတင်စုံစမ်းနေပြီဖြစ်ပြီး လုပ်ကြံသူမှာလည်း တစ်ဦးတည်းမဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ရဲဘော်သံချောင်းသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌနှင့် စစ်ရေးတာဝန်ခံအဖြစ် ABSDF (မြောက်ပိုင်း)ကျောင်းသား တပ်မတော်တွင် တာဝန်ယူခဲ့သူဖြစ်ပြီး RCSS/SSA တွင်လည်း ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဗဟိုကော်မတီဝင်၊ ၂၄၁ တပ်မဟာမှူးအဖြစ် တာဝန်ယူခဲ့ကြောင်းလည်း သိရသည်။ ၂၀၀၆ ခုနှစ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီးဝယ် ဖမ်းဆီးခြင်းခံခဲ့ရပြီး သေဒဏ်လေးကြိမ် ကြိုးလေးကြိုး အမိန့်ချမှတ်ခံရခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်တွင် သမ္မတဦးဝင်းမြင့်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီထောင်မှ ပြန်လည်လွှတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။
ရဲဘော်သံချောင်းနှင့် ၁၉၈၈ ကာလက ကျောင်းသားတပ်မတော်အဖွဲ့ဝင်များအနေဖြင့် ပါဂျောင်လူသတ်မှုဆိုသော နာမည်ကြီးတပ်တွင်းလူသတ်ပွဲမှာ မြန်မာ့တော်လှန်ရေးသမိုင်းတွင် နာမည်ဆိုးသာ ထွက်ခဲ့သောဖြစ်ရပ်ကြီးလည်း ဖြစ်နေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုဖြစ်လာစဉ်တွင် ရဲဘော်သံချောင်းကို လုပ်ကြံကြခြင်း၏နောက်ကွယ်၌ စိတ်ဝင်စားဖွယ်အကြောင်းတရားများ ရှိနေမည်ဟု တွက်ဆသူများလည်း ရှိသည်။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.