မီတာမဆောင်သူများကို မီဖြတ်နေပြီဟုဆို

 477

NP News - မေ ၂၉
လျှပ်စစ်ဓာတ်အားခများပေးဆောင်ရန် နောက်ဆုံးပေးသွင်းရမည့် သတ်မှတ်ရက်မတိုင်မီ လျှပ်စစ်ဓာတ်အားခများပေးသွင်းရန် စေတနာဖြင့် အသိပေးနှိုးဆော်အပ်ပါသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားကြေညာလိုက်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားခများပေးဆောင်ရန် နောက်ဆုံးပေးသွင်းရမည့်ရက်များကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည့်အတွက် ၁၂/၂ဝ၂ဝ လ နှင့် ၁/၂ဝ၂၁ လများအတွက် လျှပ်စစ်ဓာတ်အားခပေးသွင်းခြင်းမရှိသည့် လျှပ်စစ်မီးသုံးစွဲသူပြည်သူများကို လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းဖြင့် အရေးယူဆောင်ရွက်မှုများပြုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို မလိုလားသည့်အတွက် လျှပ်စစ်မီတာခများပေးဆောင်ခြင်းမရှိသည့် အပြင် မကြာမီရက်ပိုင်းအတွင်းကလည်း မီတာခပေးဆောင်နေစဉ်လျှပ်စစ်မီတာရုံးများတွင် ပေါက်ကွဲမှုများဖြစ်စဉ်များရှိခဲ့သည့်အတွက် သွားရောက်ပေးဆောင်ရန် ကြောက်ရွံ့မှုများလည်းရှိလာကြသည်။ မညစ (NUG)ကလည်း လျှပ်စစ်မီတာခများကိုပေးဆောင်ရန်မလိုအပ်ဟု ထုတ်ပြန်ကြေညာထားသည်။

Related news

© 2021. All rights reserved.