ချင်းပြည်နယ်က ကိုဗစ်လူနာများအတွက် ငွေကျပ် ၂၅သိန်းလှူလိုက်သည့် အလှမယ်သူဇာဝင့်လွင်

 351

NP News - မေ ၂၉
အလှမယ် သူဇာဝင့်လွင်သည် ချင်းပြည်နယ်၏ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် တွန်းဇံမြို့နယ်ရှိ ကျီးခါးတိုက်နယ်ဆေးရုံက အရေးပေါ်ကိုဗစ်လူနာများအတွက်လိုအပ်လျက်ရှိသော Oxygen Concentrator များအတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါဆေးရုံတွင် ဆရာဝန်သုံးဦးသာရှိပြီး ကုတင်၄ဝသာရှိသဖြင့် လူနာများအတွက် များစွာအခက်အခဲဖြစ်နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ၊ Oklahoma ပြည်နယ် Tulsa မြို့တွင် ချင်းလူမျိုးများက ယနေ့ မေလ ၂၉ ရက်တွင် သူဇာဝင့်လွင်အတွက် Congratulations and Welcome Ceremony ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Miss Universe 2020 ပြိုင်ပွဲပြီးနောက်ပိုင်းတွင် အလှမယ်သူဇာဝင့်လွင်သည် USA နိုင်ငံ Indiana ပြည်နယ်ရှိ ကျန်းမာရေး ၊ လူမူ့အဖွဲ့အစည်း နှင့် ကလေးသူငယ်များဆိုင်ရာ လှုပ်ရှားမူ့အဖွဲ့အစည်း များ မှ အကြီးအကဲများနှင့်သွားရောက်တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ယင်းအနေဖြင့် ဗီဇာသက်တမ်းရှိနေသည့်အတွက် အမေရိကန်နိုင်ငံတွင် ဆက်လက်နေထိုင်နေခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံက ၎င်းအား ခိုလှုံခွင့်ပြုပြီဆိုသည့် သတင်းသည်မမှန်ကန်ကြောင်းလည်း အသိပေးပြောကြားထား သည်။

Related news

© 2021. All rights reserved.