စစ်ဘေးရှောင်များနှင့် လိင်အကြမ်းဖက်ခံအမျိုးသမီးများအတွက် အထောက်အပံ့များ ရစေရန် ဂွမ်ဂျူးတွင် အနုပညာပြပွဲတစ်ခု ပြုလုပ်နေ

 535

ဇွဲပြည့် (NPNews) မေ ၂၉

မြန်မာ့နွေဦးတော်လှန်ရေးအတွက် စွမ်းစွမ်းတမံ့ ကူဦပံ့ပိုးပေးနေသော တောင်ကိုရီယား ပြည်ထောင်စုမှ လူမှုအဖွဲ့အစည်းများနှင့်အတူ ကိုရီးယားရောက် မြန်မာကျောင်းသားများဖြင့် ဖွဲ့စည်းထားသော Myanmar’s Spring (미얀마의 봄) အဖွဲ့သားများနှင့် ပူးပေါင်း၍ "ဂွမ်ဂျူးတွင်တွေ့ဆုံသော မြန်မာ့နွေဦး" အမည်ရှိ အနုပညာပြပွဲတစ်ခုပြုလုပ်နေသည်။

အဆိုပါ အနုပညာပြပွဲ၌ အမျိုးသားညီညွတ်ရေးအစိုးရ - အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာပြည်တွင်း လိင်အကြမ်းဖက်မှုဆိုင်ရာပပျောက်ရေး အသိပညာပေးနှင့် ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်အဖြစ် T-shirt ရောင်းချခြင်း ကိုလည်း ပြုလုပ်လျှက်ရှိသည်။

အဆိုပါပွဲမှ ရရှိသောရန်ပုံငွေများကို လွိုင်ကော်နှင့် မင်းတပ်မြို့ရှိ စစ်ဘေးရှောင်များအတွက် စားသောက်ကုန်နှင့် အခြေခံလိုအပ်ပစ္စည်းများ ထောက်ပံ့ခြင်း၊ လိင်အကြမ်းဖက်ခံ အမျိုးသမီးများအတွက် ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပြုလုပ်ခြင်း အစီအစဉ်များ၌ အသုံးပြုခြင်း၊ စစ်ဘေးရှောင်ဒေသများရှိ အမျိုးသမီးနှင့် ကလေးသူငယ်များ လိုအပ်သည့် အထောက်အပံ့များ ပေးပို့ခြင်း တို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.