အာဏာသိမ်းခေါင်းဆောင်ကို သမ္မတအဖြစ် ခန့်အပ်ကြောင်း မာလီထိပ်တန်းတရားရုံးကြေညာ

 486

ဝတီ (NP News) - မေ ၂၉
ယခုသီတင်းပတ်တွင် မာလီနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး အဆိုပါအာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်မှူးကြီးအက်ဆီမီဂွိုင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကြားဖြတ်သမ္မတသစ်အဖြစ် မေလ ၂၈ ရက်တွင် ကြေညာလိုက်သည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်ကို ဦးဆောင်နိုင်ရန်အလို့ငှာ သမ္မတနေရာကို ဗိုလ်မှူးကြီး အက်ဆီမီဂွိုင်တာ ရယူသင့်ကြောင်း၊ အသွင်ကူးပြောင်းရေး သမ္မတ(နိုင်ငံ့ခေါင် းဆောင်) ဆိုသည့် ဂုဏ်ပုဒ်ကို အက်ဆီမီဂွိုင်တာသာ ရယူသင့်ကြောင်း အထက်ပါတရားရုံးက ပြောဆိုထားသည်။

အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကာလအတွင်းတွင် မာလီနိုင်ငံကို အရပ်သားဦးဆောင်သည့် အစိုးရ အဖွဲ့ကသာ ဆက်လက်အုပ်ချုပ်ရမည်ဟု အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အဝန်းက မရမကပြောဆိုနေသော်လည်း ယခုတရားရုံးဆုံးဖြတ်ချက်ကမူ အဆိုပါပြောကြားချက်နှင့် ဖြောင့်ဖြောင့် ကြီးကွဲလွဲသွားပြီဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် သြဂုတ်လကလည်း အာဏာသိမ်းခဲ့ပြီး ထိုစဉ်က သမ္မတ အီဘရာဟင်ဘူဘာကာ ကီတာကို ရာထူးမှဖြုတ်ချပြီးနောက် ဒုသမ္မတနေရာကို ယူခဲ့သည်။ ယခုအခါ အာဏာထပ်မံသိမ်း လိုက် ပြီး ဒုတိယသမ္မတမှ သမ္မတရာထူးကို ရယူခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး ထိုအချိန်ကျမှ အဆိုပါအသွင်ကူးပြောင်းရေး ကာလပြီးဆုံးမည်ဖြစ်ကာ ထိုအချိန်အထိ မာလီတွင် အရပ်သားဦးဆောင်သည့် အစိုးရအဖွဲ့သာဆက်လက်အုပ်ချုပ်နေစေရန် အာဖရိကစီးပွားရေးအသိုက်အဝန်းအဖွဲ့က လိုလားနေကြသည်။

Related news

© 2021. All rights reserved.