စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်ဥပဒေရေးဆွဲ၍ လွှတ်တော်သို့ တင်ထား ပြီးဖြစ်ကြောင်း ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ပြော

 893

NP News - မေ ၃ဝ
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန် ဥပဒေရေးဆွဲ၍ လွှတ်တော်သို့ တင်ထားပြီးဖြစ်ကြောင်း NUG ၏ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် “ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အလွဲသုံး စားလုပ်မှုများ ပေါင်းစပ်ခြင်း ” အကြောင်း ဆွေးနွေးပွဲတွင်ပြောသည်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်း၊ ကျူးလွန်ခံရသူဘက်မှ တရားမျှတမှု၊ ပြန်လည်ခုခံအားပေးမှုနှင့် ကြိုတင်ကာကွယ်မှု အစီအစဉ်များကို တပြိုင်တည်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့ အမှုကိစ္စများသည် မကိုင်တွယ်တတ်လျှင် ကာယကံရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ်ထပ်မံ၍ ဒုက္ခပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည့်အတွက် သိုသိုသိပ်သိပ်ဆောင်ရွက်နေရကြောင်း ဒုတိယဝန်ကြီးကပြောသည်။

“ကျူးလွန်ခဲ့သူမှန်သမျှကို ကျူးလွန်တဲ့အပြစ်အတိုင်း အပြစ်ပေးအရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို လုံခြုံရေးအရမထုတ်ဖော်ပြဘဲ ထိန်းသိမ်းထားပြီး ကာယကံရှင်နဲ့မိသားစုကို လုံခြုံတဲ့နေရာရွှေ့ပြီးမှ ဒီအမှုတွေကို ထုတ်ဖော်ကိုင်တွယ်ရမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် အုပ်ချုပ်ရေးအာဏာအပြည့်အဝဖြန့်ကျက်နိုင်ခြင်း မရှိသည့်အတွက် မြေပြင်တွင် ထိရောက်သည့်အပြစ်ပေး အရေးယူခြင်းများကို ဆောင်ရွက်နိုင်ရန် နည်းပါးနေသေးကြောင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းသည် အမျိုးသမီးများ၏ အပြစ်မဟုတ်ဘဲ ကျူးလွန်သူများတွင်သာ အပြစ်ရှိကြောင်း ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.