မြန်မာအရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့နှင့်အိန္ဒိယနိုင်ငံပူးပေါင်းဆောင်ရွက်ရမည်ဟု Think Tank အဖွဲ့တစ်ဖွဲ့သုံးသပ်

 903

ဂျန်ဇက် (NP News) - မေ ၃ဝ
မြန်မာအရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန် အိန္ဒိယနှင့် အာဆီယံအဖွဲ့ကြီးပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုရွမ်တိုအခြေစိုက်နိုင်ငံတကာ Think Tank အဖွဲ့တစ်ခုက မေလ ၂၉ရက်က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်းကတည်းကဖြစ်လာသည့် အခက်အခဲများကိုဖြေရှင်းနိုင်မည့်အဖြေရှာရန် အာဆီယံအဖွဲ့ကြီးက ကြိုးပမ်းလျက်ရှိသည်။ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၈ဝဝကျော်သေဆုံးခဲ့ရပြီးလူပေါင်း ၄၃၃ဝ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

IFFRAS အမည်ရှိ Think Tankအဖွဲ့က “ အိန္ဒိယအတွက် မြန်မာနိုင်ငံဟာအရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အိန္ဒိယရဲ့အရှေ့မျှော်မူဝါဒအတွက်လည်း အဓိကကျတဲ့နိုင်ငံဖြစ်တယ်။ မြန်မာ နိုင်ငံနဲ့အိန္ဒိယနယ်စပ်ဒေသတွေမှာ နေထိုင်တဲ့လူတွေကြား ယာဉ်ကျေးမှုနဲ့လူမျိုးရေးတိုက်ရိုက်ဆက်စပ်တာမျိုးတွေရှိတယ်။ အိန္ဒိယနဲ့မြန်မာနိုင်ငံရှိပြည်သူတွေကြား သမိုင်းနဲ့ယဉ်ကျေးမူဆိုင်ရာချိတ်ဆက်ဆက်နွယ်တာမျိုးတွေလည်းရှိနေတယ်”ဟုပြောသည်။

မကြာသေးမီကလည်း IFFRAS က မြန်မာနိုင်ငံ၏အခက်အခဲသည် ဒေသအတွင်း ဒီမိုကရေစီ လူ့အ ခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အာဆီယံ၏ လုပ်ပိုင်ခွင့်အကန့်အသတ်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့က မြန်မာနိုင်ငံတွင်ဖြစ်နေသည့် နိုင်ငံရေး၊ လူအဖွဲ့အစည်းနှင့် လူသားချင်းဆိုင်ရာကိစ္စများ ကသောင်းကနင်းဖြစ်မှုက အိမ်နီးချင်းအိန္ဒိယနိုင်ငံအပေါ် တိုက်ရိုက်သက် ရောက်မှုများဖြစ်စေကြောင်း ပြောသည်။

Related news

© 2021. All rights reserved.