ထိုင်း CP အသားထုတ်စက်ရုံတွင် ဝန်ထမ်းများအကြား ကိုဗစ်ကူးစက်မှုများရှိခဲ့ခြင်းကြောင့် စက်ရုံပိတ်ထားရ

 579

ရောင်နီ ( NP News ) - မေ ၃ဝ
ထိုင်းနိုင်ငံ၏ အကြီးမားဆုံးအသားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် Saraburi ပြည်နယ်ရှိ Charoen Pokphand Foods (CP) စက်ရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို ရပ်တန့်နိုင်ရန်အတွက် ငါးရက်ကြာထိစက်ရုံပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရကပြောကြားခဲ့ကြောင်း Straitstimes သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံရှိဝန်ထမ်း ၂၄၅ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းကြောင့် အာဏာပိုင်များက ယင်းကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါစက်ရုံတွင် အလုပ်သမားဝန်ထမ်း ၅၈ဝဝခန့်ရှိပြီး ပြည်နယ်အာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်ခံရသူများကို ကုသရန်စက် ရုံတွင်ပင် ဆေးရုံတစ်ခုပြုလုပ်လိုက်ကြောင်း သိရသည်။ CP Foods စက်ရုံကို ပိုး သတ်ဆေးဖြန်းသွားမည်ဖြစ်ပြီး စက်ရုံပိတ်ထားသည့်ကာလအတွင်း ကျန်းမာရေးအစီအမံများ ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီကကြေညာချက်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသည် အကျဉ်ထောင်များ၊ လူမှုစီးပွားအဆင့်အတန်းနိမ့်ဒေသများ နှင့် စက်ရုံများတွင် Covid-19 ကူးစက်မှုအသစ်များနှင့်ရင်ဆိုင်နေရသည်။

Related news

© 2021. All rights reserved.