NUG ၏ ကိုယ်စားလှယ်ကိုချက်သမ္မတနိုင်ငံက တရားဝင်လက်ခံအသိအမှတ်မပြုသေးဟုဆို

 637

ဟိန်းပြည့် (NP News) - မေ ၃၁
NUG ၏ ကိုယ်စားလှယ်တစ်ယောက်ကို ချက်နိုင်ငံက တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုသေးကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေလ ၃၁ ရက်က ပြောသည်။

“ချက်နိုင်ငံအနေနဲ့ စာကို လက်ခံရရှိကြောင်းကိုသာ ပြန်ကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အသိအမှတ်ပြုခြင်းဆိုတာမပါပါဘူး”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏အာဏာသိမ်းခြင်းကို ပြင်းထန်စွာရှုံ့ချကြောင်းနှင့် တရားဝင်ရွေး ကောက်တင်မြှောက်ခံခဲ့ရသည့် ခေါင်းဆောင်များကို ထောက်ခံကြောင်း ချက်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်ကို မေလ ၂၄ ရက်နေ့တွင် NUG မှ ထုတ်ပြန်ခဲ့သည်။

NUG ၏ လူအခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က မေလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် “ မြန်မာနိုင် ငံတွင် လူ့အခွင့်အရေးအလွဲသုံးစားလုပ်မှုများ ပေါင်းစပ်ခြင်း” အကြောင်းဆွေးနွေးပွဲတွင် NUG ကို ထောက်ခံကြောင်း တရားဝင်ပြောကြားသည့် နိုင်ငံသည် ချက်သမ္မတနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာမှ NUG ကို တရားဝင်အစိုးရအနေဖြင့် တွေ့ဆုံခြင်းမျိုးမရှိဘဲ သံတမန်နည်း အရတွေ့ဆုံပြောဆိုခြင်းမျိုးရှိသည်။

Related news

© 2021. All rights reserved.