အမေရိကန်တွင် မြန်မာနိုင်ငံကဲ့သို့ အာဏာသိမ်းခြင်းမျိုးဖြစ်သင့်ကြောင်း ဒေါ်နယ်ထရမ့်၏အမျိုးသား လုံခြုံရေးအကြံပေးအရာရှိပြော

 1457

ဂျန်ဇက် (NP News) - မေ ၃၁
အမေရိကန်နိုင်ငံတွင် မြန်မာနိုင်ငံကဲ့သို့ အာဏာသိမ်းခြင်းမျိုးဖြစ်သင့်ကြောင်း အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ မိုက်ကယ်ဖလမ်းက ပြောဆိုလိုက် ကြောင်း businessinsider တွင် ဖော်ပြထားသည်။

မိုက်ကယ်ဖလမ်းသည် ယခုသီတင်းပတ်အတွင်း တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်မြို့ရှိ Qanon အဖွဲ့အ စည်းအဝေးတွင် ပရိသတ်များကို ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ Qanonအဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင်ဖြစ်သည့် အာဏာသိမ်းမှုကို ချီးကျူးပြောဆိုနေပြီး မြန်မာနိုင်ငံတွင်အာဏာသိမ်းသကဲ့သို့ အမေရိကန်တွင်လည်းဖြစ်သင့်ကြောင်း ပြောဆိုထားသည်။

“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြောင်းအရာတွေကို သိစေလိုတယ်။ မြန်မာနိုင်ငံမှာဖြစ်သလိုမျိုး အမေရိကန်မှာဖြစ်တာမျိုးမရှိဘူး။ အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံလိုမျိုးဖြစ်သင့်တယ်”ဟု ၎င်းက ပြောသည်။

အသက် ၆၂နှစ်အရွယ်ရှိ မိုက်ကယ်ဖလမ်းသည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုတိယဗိုလ် ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ပြီးအနားယူခဲ့သူဖြစ်ကာ အမေရိကန်ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ မိုက်ကယ်ဖလမ်းသည် အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းနေသည့် အမေရိကန်အစွန်းရောက်အဖွဲ့တွင် လူသိများသည့်ခေါင်းဆောင်လည်းဖြစ်ကြောင်းသိရသည်။

Related news

© 2021. All rights reserved.