ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို သံလွင်တံတား (ချောင်းဆုံ) ဟု အမည်ပြောင်းလိုက်ပြီ

 1401

ဇွဲပြည့် (NPNews) ဇွန် ၁

မော်လမြိုင်မှ ချောင်းဆုံသို့ မြို့နယ်နှစ်ခုကို ဆက်သွယ်ထားသော ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို သံလွင်တံတား (ချောင်းဆုံ) ဟု ယနေ့ (ဇွန်လ ၁ ရက်) တွင် အမည်ပြောင်းလိုက်ပြီး ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်ခဲ့သည်။

ယခင် သံလွင်မြစ်ကူး တံတားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟူ၍ အမည်တပ် မှည့်ခေါ်ခဲ့သည်။

စစ်ကောင်စီကလည်း မေလကုန်ခန့်က ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဟု ရေးထားသည့် ဆိုင်းဘုတ်ကို ဖျက်လိုက်ပြီး သံလွင်တံတား(ချောင်းဆုံ) ဟူ၍ အမည် ပြောင်းလဲခဲ့ကာ ဆေးနီသုတ်ထားသည့် ဆိုင်းဘုတ်ကို ဆေး အစိမ်းရောင်သုတ်ခဲ့သေးသည်။

ဓာတ်ပုံ - ဖိုးသာထူး

Related news

© 2021. All rights reserved.