One Child ပေါ်လစီရှိခဲ့ဖူးတဲ့ တရုတ်မှာ သားသမီးသုံးဦးအထိ မွေးဖွားခွင့်ပြုပေးတော့မယ်
587
ဂျန်ဇက် (NP News) - ဇွန် ၁
One Child ပေါ်လစီရှိခဲ့ဖူးတဲ့ တရုတ်အိမ်ထောင်သည်တွေဟာ သားသမီး သုံးဦးအထိမွေးဖွားခွင့် ရဖွယ်ရှိနေတယ်လို့ Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။
မကြာသေးမီက ထုတ်ပြန်တဲ့အချက်အလက်စာရင်းတွေမှာ ကမ္ဘာလူဦးရေ အများဆုံး တရုတ်နိုင်ငံရဲ့ကလေးမွေးဖွားနှုန်းအရေအတွက် ကျဆင်းလာနေ ခဲ့ပြီးနောက် လက်ရှိရှိနေတဲ့ ကလေးနှစ်ယောက်မွေးဖွားခွင့် ကန့်သတ်ချက်
ကို ကြီးမားတဲ့အပြောင်းလဲဖို့ အိမ်ထောင်သည်တွေကို သားသမီးသုံးယောက်
အထိ မွေးဖွားခွင့်ပေးဖို့စီစဉ်လာတာဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အိမ်ထောင်သည်တွေကို ကလေးတစ်ဦးသာ မွေးဖွားခွင့်ပြုမယ်
ဆိုတဲ့မူဝါဒါကို ဖျက်သိမ်းပြီး ကလေးတစ်ဦးအစား နှစ်ဦးမွေးဖွားခွင့်ပြုဖို့ အကန့်သတ်နဲ့ ခွင့်ပြုပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကလေးနှစ်ဦးအထိ မွေးခွင့်
ပြုခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့မြို့ကြီးတွေမှာ ကလေးမွေးဖွားဖို့ ကုန်ကျစရိတ်
တွေမြင့်တက်နေတဲ့အတွက် ကလေးမွေး ဖွားနှုန်းကျဆင်းနေပါတယ်။ တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက မူဝါဒအပြောင်းအလဲလုပ်လိုက်ခြင်းဟာ နိုင်ငံရဲ့လူဦးရေအခြေနေပိုမိုကောင်းမွန်ဖို့နဲ့အသက်အရွယ်ကြီးရင့်လာတဲ့ လူတွေအတွက်လုပ်ဆောင်မယ့် နိုင်ငံရဲ့ မဟာဗျူဟာကိုဖြည့်တင်းနိုင်အောင် လုပ်ဆောင် လိုက်ခြင်းဖြစ်ကြောင်းဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ကလေးသုံးဦးမွေးဖွားခွင့်ပေးလိုက်ပြီးနောက် မိသားစုတွေအတွက် ပညာရေးကုန်စရိတ်နည်းပါးဖို့၊ အခွန်ကောက်ခံမှုနည်းပါးဖို့၊ အလုပ် လုပ်လုပ်နေတဲ့အမျိုးသမီးတွေအတွက် အကျိုးစီးပွားဖန်တီးပေးနိုင်ဖို့နဲ့ သတိုးသား၊သတို့သမီး ဘက်ကိုပေးရတဲ့တင်တောင်းငွေကြေးပစ္စည်း မြင့်မားမှုလျော့ချနိုင်အောင်လုပ်ဆောင်ရမယ်လို့ တရုတ်အစိုးရတာဝန်ရှိသူ တွေက ပြောပါတယ်။ တရုတ်အမျိုးသမီးတစ်ဦးတစ်ဦးရဲ့ ကလေးမွေးဖွား နှုန်းဟာ၂၀၂၀ ခုနှစ်အတွက် ၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂျပန်၊ အီတလီနိုင်ငံလိုမျိုး အသက်အရွယ်ကြီးရင့်တဲ့လူအဖွဲ့အစည်းရဲ့ ကလေး မွေးဖွားနှုန်းနဲ့တူညီနေပြီး အမှန်တကယ်လိုအပ်နေတဲ့အရေအတွက်အောက် လျောနည့်းနေတယ်လို့သိရပါတယ်။
တရုတ်အစိုးရဟာ သားသမီးသုံးဦးအထိမွေးဖွားခွင့်ပေးမယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာစစ်တမ်းကောက်ခံခဲ့ရာ စစ်တမ်းဖြေဆိုသူ (၃၁၀၀၀)ထဲက(၂၉၀၀၀)ဦးက သားသမီးသုံးဦးအထိ မွေးဖွားဖို့ ဆန္ဒမရှိဘူးလို့ ဖြေဆိုခဲ့ပါတယ်။