စစ်သားတိုင်း စစ်မတိုက်ရသော်လည်း လိုအပ်ပါက တိုက်ပွဲဝင်နိုင်စွမ်းရှိအောင် လေ့ကျင့် ဆောင်ရွက်ကြရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ က စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့

 889

ဟိန်း (NPNews) - ဇွန် ၁

စစ်သားတိုင်း စစ်မတိုက်ရသော်လည်း လိုအပ်ပါက တိုက်ပွဲဝင်နိုင်စွမ်းရှိအောင် လေ့ကျင့်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၃၁ ရက် ဘားအံခရီးစဉ်တွေ့ဆုံပွဲတွင် စစ်တပ်အကြီးအကဲများနှင့် ဘားအံတပ်နယ်မှ စစ်သည်၊ မိသားစုများသို့ ပြောကြားခဲ့သည်။

မဲစာရင်းကွဲလွဲချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ အဆင့်ဆင့် တင်ပြခြင်း၊ ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန်ကြိုးပမ်းလာမှုကြောင့် ယခုအခြေအနေအထိ ရောက်ရှိခဲ့ရ ခြင်းဖြစ်သည့်ကို အရာရှိ၊ စစ်သည်များအနေဖြင့် သိရှိရမည် ဖြစ်ကြောင်းကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့သေးသည်။

“ အရာရှိ၊ စစ်သည်များအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မျှမပါဘဲ တပ်မတော်တွင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်နှင့် အညီ မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိတာဝန်ထမ်းဆောင် နေသည့်တပ်ကို သစ္စာရှိရမည်၊ မိမိတိုင်းပြည်အပေါ် သစ္စာစောင့်သိရမည် ” ဟု စစ်ကောင်စီဥက္ကဋ္ဌက အသိပေး ပြောကြားခဲ့သည်။

သင်တန်းကျောင်းများတွင် စစ်စည်းကမ်းကောင်းမွန်ရန် သင်ကြားပေးလိုက်ပြီး တပ်မတော် သားများအနေဖြင့် အရပ်ဘက်စည်းကမ်း၊ တပ်မတော်စည်းကမ်း နှစ်မျိုးလုံးကို လိုက်နာရသူများ ဖြစ်သည့်အတွက် စည်းကမ်းတကျလိုက်နာဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောသည်။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.