ကိုဗစ်စည်းကမ်းဖောက်ဖျက်ပြီး ခိုးဝင်ခဲ့သူ(၃၀၀၀၀)ကျော်ကို ထိုင်းဘက်က ဖမ်းဆီးခဲ့တာမှာ မြန်မာ(၁၅၀၀၀)ကျော် ပါဝင်နေ

 415

ရောင်နီ ( NP News )

Covid-19 ဆိုင်ရာခရီးသွားလာခွင့် တားမြစ်ချက်အပေါ် ဆန့်ကျင်ပြီး နိုင်ငံတွင်းခိုးဝင်ခဲ့တဲ့ နိုင်ငံခြားသား ၃၀၀၀၀ ကျော်ကို ထိုင်းဘက်ကဖမ်းဆီးလိုက်တာမှာ မြန်မာနိုင်ငံသား ၁၅၀၀၀ ကျော် ပါဝင်သွားတယ်လို့ သိရပါတယ်။

မေလ ၃၀ ရက်နေ့မှ ဇွန် ၁ ရက်နေ့အတွင်း ထိုင်းနယ်စပ်မှာ တရားမဝင် ကူးသန်းရောင်းဝယ်မှုနဲ့ ရွှေ့ပြောင်းအလုပ်သမားကုန်ကူးမှု ပြုလုပ်ခဲ့သူ ၂၈၂ ဦး၊ နိုင်ငံခြားသား ၃၂,၄၂၃ ဦးကို ဖမ်းဆီးခဲ့ရတယ်လို ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ စုစုပေါင်း မြန်မာနိုင်ငံမှ ၁၅,၃၉၃ ဦး၊ ကမ္ဘောဒီးယားမှ ၁၁၀၁၁၊ လာအိုမှ ၂,၆၆၁ နဲ့ မလေးရှားမှ ၉၂ ဦး တို့ကို တရားမဝင် နယ်စပ်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား ၁၉၄၅ ဦးလည်း ပါဝင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံရသူစာရင်းထဲမှာ မြန်မာနိုင်ငံသားထက်ဝက်ကျော်ပါဝင်နေမှုဟာ လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပါအဝင် စားဝတ်နေရေး အခက်အခဲတွေက နွမ်းပါးတဲ့မြန်မာတွေကို ခိုးဝင်မှုဖြစ်စေဖို့ တွန်းပို့ခဲ့သလို ဖြစ်ခဲ့ပါတယ်။
သီးခြားအနေနဲ့ Help Crime Victim Club မှတက်ကြွလှုပ်ရှားသူတစ်ဦးနဲ့ ရှေ့နေတစ်ဦးရဲ့ ရွှေ့ပြောင်းအလုပ်သမားကုန်ကူးမှုကို တရားစွဲဆိုမှုမရှိဘဲ လွှတ်ပေးခဲ့တဲ့အတွက် ကန်ချနာဘူရီရှိ ဆောင်ခလာဘူရီခရိုင်မှ ဒေသခံအာဏာပိုင်များဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနမှာ မနေ့က အတိုင်ခံခဲ့ရပါတယ်။

နိုင်ငံအစိုးရက Covid-19 ကြောင့် နိုင်ငံမှာ သောင်တင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို အခကြေးငွေ မကောက်ခံဘဲ၂ နှစ် ကြာ အလုပ်လုပ်ခွင့် ပြုထားပေမယ့်လည်း ခရိုင်မှ အရာရှိအချို့က ယင်းနေထိုင်ခွင့် အမြန်ဆုံး ရရှိလိုရင် ဘတ်ငွေ ၃၀,၀၀၀ မှ ၁၀၀,၀၀၀,၀၀၀ ထိ ပေးဆောင်ဖို့ တောင်းဆိုမှုများ ရှိနေတယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.