ဂန့်ဂေါမြို့မှ လစာထုတ်ယူပြီးပြန်လာသူ ၅ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပိတ်ဆို့ရှာဖွေမှုများပြုလုပ် နေဟု စစ်ကောင်စီထုတ်ပြန်

 1142

ဟိန်း (NP News) - ဇွန် ၂

ဂန့်ဂေါမြို့မှ လစာထုတ်ယူပြီးအပြန်တွင် အသတ်ခံခဲ့ရသူ ၅ ဦးနှင့်ပတ်သက်ပြီး အကြမ်းဖက်သောင်း ကျန်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း နစက သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဇွန်လ ၂ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ ရပ်/ကျေးစာရေး ကိုကျော်မျိုးနိုင်၊ ဟံသာဝတီကျေးရွာ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးသာလူနှင့် သူနာပြုဆရာမ မသဲမာထွေး အပါအဝင် (၆)ဦးသည် မေလ ၃၁ ရက် ညနေပိုင်းက လစာထုတ်ယူပြီးပြန်လာစဉ် ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် (၃၂) အနီး ရဲလှကျေးရွာနှင့် မွေ့လယ်ကျေးရွာကြားအရောက်တွင် အဆိုပါဖြစ်စဥ◌်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“တူးမီးသေနတ် ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၈ဝ ခန့်က သစ်ကိုင်း တွေနဲ့ လမ်းတွေပိတ်ဆို့တားဆီးပြီး ယာဉ်ပေါ်ပါလာသူ ၆ ဦးကို ယာဉ်ပေါ်ကဆင်းခိုင်းပြီး တူးမီးသေနတ် တွေနဲ့ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ လစာငွေတွေသိမ်းယူပြီး လူတွေနဲ့မော်တော်ယာဉ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်” ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပစ်ခတ်မှု၊ မီးရှို့မှုကြောင့် ၅ ဦးသေဆုံးခဲ့ပြီး သူနာပြုဆရာမ မသဲမာထွေးသည် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့်ဂန့်ဂေါမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသလျက်ရှိ ကြောင်း သိရသည်။

ယောခုခံကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force) ကလည်း ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ကို သတင်းရထားသည့်အတွက် ရပ်တန့်စစ်ဆေးရာ စစ်ဆေးမခံဘဲ ဖောက်ခွဲရေးပစ္စည်းများဖြင့် တိုက်ခိုက်ရန် ကြိုးစားသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ငါးဦးသေဆုံးခဲ့ရပြီး ယောခုခံကာကွယ်ရေးအဖွဲ့က စစ်ဆေးခြင်းကို မလိုက်နာလျင် ယခုလို ထပ်ကြုံနေရမည်ဟု မေလ ၃၁ ရက်က သတင်းထုတ်ပြန်ထားသည်။

Related news

© 2021. All rights reserved.