စပိန်နိုင်ငံရှိ ဘားတစ်ခုတွင်အဓမ္မပြုကျင့်သူ သူဌေး၏ လိင်အင်္ဂါကို ဖြတ်ပစ်ခဲ့သည့် အမျိုးသမီးအဖမ်းခံရ

 764

ရောင်နီ ( NP News ) - ဇွန် ၂
စပိန်နိုင်ငံ၊ ကာတာလိုနီယန်ဒေသရှိ ဘားတစ်ခုတွင် စားပွဲထိုးအလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ် အမျိုး သမီးသည် ၎င်းကိုအဓမ္မပြုကျင့်သည့် ဘားပိုင်ရှင်သူဌေး၏ လိင်အင်္ဂါကို ဖြတ်တောက်ပြစ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံခဲ့ရကြောင်း RT သတင်းဖော်ပြချက်အရသိရသည်။

မေလ ၃၁ရက် ညသန်းခေါင်ခန့်က ဒေသခံရဲစခန်းတစ်ခုတွင် အမည်မဖော်လိုသူ ၎င်းဘားဝန်ထမ်း အမျိုးသမီးက သူမကို သူဌေးက ဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သူမကပြန်လည် တိုက်ခိုက်ခဲ့ကာ အမျိုးသားလိင်အင်္ဂါကို ဖြတ်တောက်ပြစ်ခဲ့ကြောင်း ရဲအရာရှိများကို ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့က သူမကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ချုပ်နှောင်ထားလိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်သည် မြို့တော်ဘာစီလိုနာမှ အနောက်မြောက်ဘက် ၁ဝ ကီလိုမီတာအကွာတွင် တည်ရှိသည့် ကာတာလိုနီယားဒေသ၊ Sant Andreu de la Barca မြူနီစပယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသားကို ခွဲစိတ်ကုသမှုခံယူရန်အတွက် Bellvitge ဆေးရုံကို ခေါ်ဆောင်သွားကာ ကုသမှုခံယူပြီးပါက အာဏာပိုင်များက ဝန်ထမ်းအမျိုးသမီးအပေါ် ထပ်ခါထပ်ခါလိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ စုံစမ်းမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.