အသီးအနှံကားများကို ပန်ဆိုင်း (ဝမ်တိန်ပေါက်) မှသာ သွားခွင့်ပြုတော့မည်

 648

NP News - ဇွန် ၂
အသီးအနှံကားများကို ဇွန်လ ၅ ရက်မှစတင်ကာ မြန်မာ-တရုတ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ပန်ဆိုင်း (ဝမ်တိန်ပေါက်) မှသာ သွားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

“ကျင့်စန်းကျော့(ဝမ်တိန်ပေါက်)က အရင်တုန်းက အသီးကားတွေသွားတယ်။ ဆန်ကားတွေသွားတယ်။ ကြက်သွန်ကားတွေသွားရတာဆိုတော့ ကားတွေတန်းစီရတာများတယ်။ အဲ့ဒါကြောင့် ၅ ရက်နေ့ကစပြီး တော့ ပန်ဆိုင်း (ဝမ်တိန်ပေါက်)ကို အသီးအနှံကားတွေသွားခွင့်ပြုမယ်။ ခွဲထုတ်လိုက်တော့နည်းနည်း လေးအဆင်ပြေသွားမယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းကပြောသည်။

ယခင်က အသီးအနှံကားများသည်လည်း ကျင့်စန်းကျော့ (ဝမ်တိန်ပေါက်) မှသွားပြီး ဆန်၊ ဆန်ကွဲ၊ ကြက်သွန်၊ ပဲမျိုးစုံအပါအဝင်စားသောက်ကုန်များသည်လည်း မန့်ဝိန်းဂိတ်ပေါက်ပိတ်ထားသည့် အ တွက် ကျင့်စန်းကျော့ ဂိတ်ပေါက်မှသာ သွားရခြင်းကြောင့် လက်ရှိအချိန်တွင် ကုန်ကားများတန်းစီးနေရပြီး အချိန်ကြန့်ကြာမှုများဖြင့် ကြုံတွေ့နေရကြောင်းသိရသည်။

Related news

© 2021. All rights reserved.