သရုပ်ဆောင် ခန့်စည်သူ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တာဝန်ယူပြီးနောက် နုတ်ထွက်သည့် အနုပညာရှင် ၁၀ ဦးနီးပါး ရှိလာ
686
အိျဖဴ NP News - ဇွန် ၄
စစ်ကောင်စီလက်ထက်တွင် အသစ်ပြန်လည်ခန့်အပ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးကို သရုပ်ဆောင် ခန့်စည်သူ က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အစည်းအရုံးက ကြေညာချက်အပြီး နာရီပိုင်းအတွင်းတွင် သရုပ်ဆောင် မင်းမော်ကွန်း၊ ကိုပေါက်၊ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)၊ ဒါရိုက်တာ ညီညီ၊ ဆင်မ၊ မေပန်းချီ၊ တက်နေ၊ ဇော်ဇော် တို့သည် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အဖွဲ့တွင် လစ်လပ်နေသော ဥက္ကဋ္ဌ တာဝန်ကို သရုပ်ဆောင် ခန့်စည်သူအား ဆောင်ရွက်ရန် နာယကကြီးများကွပ်ကဲမှုဖြင့် အမှုဆောင်အားလုံးမှ ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ယနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်း သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက်မှ “သူ့အနေဖြင့် အကြောင်းတရားတချို့ကြောင့် အစည်းအရုံးဝင် အဖြစ်မှ နုတ်ထွက်သည်” ဟု အသိပေးဖော်ပြခဲ့ သည်။
ထို့နောက် သရုပ်ဆောင် မင်းမော်ကွန်းမှလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်အဖြစ်မှ နုတ်ထွက် ကြောင်း ၎င်း၏ ဖေ့ဘွတ်စ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အလားတူ တခြားသော အနုပညာရှင်များမှလည်း စစ်ကောင်စီလက်ထက်တွင် ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်အဖြစ် မရှိလိုသည့်အတွက် အသီးသီးနုတ်ထွက်ခဲ့ကြသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနည်းတူ ဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ခန့်အပ်မှု တွင်လည်း တချို့သော ဂီတပညာရှင်များသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လို ခြင်းမရှိသည့်အတွက် နုတ်ထွက်ခဲ့ကြသည်။
#NPNews #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#ဂီတအစည်းအရုံ