မြဝတီမြို့အနီးတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းတွင် ခိုလှုံခဲ့ရသည့် စစ်ရှောင်ပြည်သူ ၅ဝဝကျော် မြန်မာဘက် ပြန်လာ

 1316

NP News - ဇွန် ၅
မြဝတီမြို့အနီးတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းတွင်ခိုလှုံခဲ့ရသည့် စစ်ရှောင်ပြည်သူ ၅ဝဝကျော် ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံဘက်ပြန်ဝင်လာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရိက္ခာနှင့်ထောက်ပံ့ရေး ဆက်သွယ်ညှိ နှိုင်းရေးတာဝန်ခံ ကိုရဲမင်းက ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်။ မြန်မာဘက်ခြမ်းသို့ ပြန်ကြသော စစ်ရှောင်ပြည်သူများအား သောင်ရင်းချောင်းစပ်ထိ ထိုင်းစစ်သားများက လိုက်ပါစောင့်ရှောက်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် ကရင်ပြည်နယ် KNU တပ်မဟာ(၆)နယ်မြေဒေါနအရှေ့ခြမ်း မြဝတီတောင်ဘက် ဖလူးဒေသတွင် စစ်ကောင်စီတပ်နှင့် DKBAခွဲထွက်အဖွဲ့ပူးပေါင်းအဖွဲ့များ ယခင်ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဘက် မဲ့ကုတ်ကင်းရွာအနီး နွားမွေးမြူရေးခြံတစ်ခုတွင်းရှိ ယာယီစစ်ရှောင်စခန်းတွင် ခိုလှုံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ဇွန်လ ၄ ရက်က အဆိုပါစစ်ရှောင်စခန်းမှ မြန်မာဘက်ပြန်လာသူ ၁၂၅ ဦးရှိခဲ့ပြီး ယခုအချိန်တွင် မြန်မာဘက်သို့ ပြန်လာသူအယောက် ၆၂ဝကျော်ရှိပြီဖြစ်သော်လည်း အယောက် ၅ဝခန့်က ပြန်မလာရဲသေးသည့်အတွက် စစ်ရှောင်စခန်းတွင် ကျန်နေဆဲဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.