ရှလွတ်၊ ရိုးရာ၊ ရွှေရောင်ခေါက်ဆွဲတို့ထုတ်လုပ်နေသည့် ACECOOK က ထုတ်လုပ်မှုရပ်နားတော့မည်
912
ဖူးပြည့် (NP News)- ဇွန် ၅
ACECOOK Myanmar Co.,ltd သည် အသင့်စားခေါက်ဆွဲထုတ်လုပ်ဖြန့်ချီခြင်းလုပ်ငန်းများအား ယာယီရုတ်သိမ်းရပ်နားတော့မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက အသိပေးထုတ်ပြန်ကြေညာလိုက်သည်။
ACECOOK သည် မြန်မာနိုင်ငံအသင့်စားခေါက်ဆွဲ ဈေးကွက်သို့ ၂ဝ၁၄ ခုနှစ်တွင် ACECOOK Yangon Branch အနေဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် HANA အမှတ်တံဆိပ်အသင့်စားခေါက်ဆွဲကို ပထမဦးအနေဖြင့် စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
သို့သော် မြန်မာနိုင်ငံ၏ ယခုလက်ရှိကာလအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအကြောင်းရပ်များ ကြောင့် မိမိတို့ကုမ္ပဏီသည် ကုန်ကြမ်းများရရှိမှုအခက်အခဲများဖြစ်ပေါ်လာခြင်း၊ ကုန်ချောထုတ် လုပ်ရန် ခက်ခဲမှုများဖြစ်ပေါ်လာခြင်း၊ ငွေကြေးလည်ပတ်စီးဆင်းမှု အခက်အခဲများဖြစ်ပေါ်လာရခြင်းတို့ကြောင့် ဇွန်လကုန်မှစတင်ပြီး အသင့်စားခေါက်ဆွဲထုတ်လုပ်ဖြန့်ချီခြင်းလုပ်ငန်းများအား ယာယီရုတ်သိမ်းရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ACECOOK MYANMAR COMPANY LIMITED ကို ၂ဝ၁၅ ခုနှစ် မတ်လတွင် ရာနှုန်းပြည့်နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ရိုရာအမှတ်တံဆိပ်အသင့်စားခေါက်ဆွဲကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ရှလွတ်၊ ရွှေရောင်အမည်ရှိ အသင့်စားခေါက်ဆွဲများကိုလည်း ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
ACECOOK Myanmar စက်ရုံကို အမေရိကန်ဒေါ်လာ သန်း၂ဝ ကျော်အကုန်ကျခံကာ ရန်ကုန်မြို့၊ သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေစက်မှုဇုန်၌ တည် ဆောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလတွင် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ACECOOK Company သည် အဆင့်မြင့်အသင့်စားခေါက်ဆွဲများ ထုတ်လုပ်ရောင်းချနေသော ဂျပန် နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ် ၆ဝ ကျော်ကြာ ဂျပန်စားသုံးသူများ၏ အားပေးထောက်ခံမှု အခိုင်အမာ ရရှိထားကြောင်းသိရသည်။
#NPNews