နွေဦးတော်လှန်ရေး ဝတ်စုံဖြင့် National Costume Top 10 ဝင်ခဲ့သည့် မြန်မာကိုယ်စားပြု အရုပ်မလေး

 572

ဖူးပြည့် (NP News) - ဇွန် ၆
နိုင်ငံတကာအရုပ်အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss Galaxy Doll 2021 ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် မေမဒီဟု အမည်ပေးထားသည့် မြန်မာကိုယ်စားပြုအရုပ်မလေးက Top 10 စာရင်းဝင်ခဲ့ကြောင်း အဆိုပါ ပြိုင်ပွဲ၏ ဇွန်လ ၆ ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။

Miss Galaxy Doll 2021 ပြိုင်ပွဲ၏ ဇွန်လ ၃ရက်ကကျင်းပသည့် National Costume ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြုအရုပ်မလေးက "ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ကြွေးကြော်သံနှင့်အတူ သံပုံးတီး နေဟန် နွေဦးတော်လှန်ရေးဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ Top 10 စာရင်းတွင် မြန်မာအပါအဝင် ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလား၊ ကမ္ဘောဒီးယား၊ မလေးရှား၊ တောင်အာဖရိက၊ နယ်သာလန်တို့မှ အလှမယ်အရုပ်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ၁ဝ ဦးအနက်မှ Best National Costume (အကောင်းဆုံးဝတ်စုံ) အဖြစ် ရွေးချယ်ခံရသည့် အလှမယ်အရုပ်က နောက်ဆုံးအဆင့်ပြိုင်ပွဲ၏ Top 17 ကို အလို အလျောက်ဝင်ရောက်မည်ဖြစ်ကြောင်းသိရသည်။ Miss Galaxy Doll 2021 ပြိုင်ပွဲကို လက်ရှိတွင် ဘရာဇီးနိုင်ငံ၌ကျင်းပလျက်ရှိကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.